လူအဓိကနဲ့သွားမှာလား
နည်းပညာအဓိကနဲ့ သွားမှာလား။
ကိုယ့်ရဲ့ဆုံးဖြတ်ချက်ပဲ။
စနစ်ချတဲ့အခါ စနစ်ကြီးပဲက
သေချာ ဒီဇိုင်းလုပ်တာ
ပြဿနာသိပ်မရှိဘူး။
အဓိကပြဿနာဖြစ်တာ
လူ။
လူတွေက ပျော်၊ ဝမ်းနည်း၊
အမျိုးမျိုးဖြစ်တတ်တယ်။
ခံစားချက်ပေါ်မူတည်ပြီး
စွမ်းဆောင်ရည်မငြိမ်ဘူး။
ဒါကြောင့် ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းလုပ်ချင်ရင်
မိုက်ကယ်ကာဗာက
အစားထိုးလို့လွယ်တဲ့ လူတွေခန့်။
အစားထိုးလို့ရဖို့အတွက်
လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ကျွမ်းကျင်မှုတွေကို
ခွဲလိုက်။
အကုန်လုံးမခိုင်းနဲ့။
ပြီးရင် ကျွမ်းကျင်မှုအနည်းဆုံးနဲ့လုပ်လို့ရအောင်လုပ်တဲ့။
တချို့လုပ်ငန်းတွေက
လူတော်တစ်ယောက်တွေ့သွားတဲ့အခါ
ဂိမ်းတစ်ခုလုံးပြောင်းသွားတာမျိုးဖြစ်တယ်။
အဲ့ဒီလူ ရှာတဲ့အချက်က အချိန်ပေးရတယ်။
အချိန်သိပ်ပေးစရာမလိုတာက
ကိုယ့်လုပ်ငန်းလည်ပတ်တဲ့ နေရာမှာ
ကုန်ပစ္စည်းထည့်တာပဲ။
ဝန်ဆောင်မှုလုပ်ငန်းလုပ်တဲ့အခါကျတော့
ကိုယ့်လုပ်ငန်းကို ကုန်ပစ္စည်းပုံစံ Productize လုပ်ရတယ်။
ခလုပ်ဖွင့်တာနဲ့ လုပ်လို့ရတဲ့ Turnkey Operation ဖြစ်ဖို့အတွက်
ကိုယ့်ရဲ့ business model မှာ
ဝန်ဆောင်မှုပေးတဲ့အရာတွေကိုချုံ့ရသလို၊
လိုအပ်ရင် ကိုယ်အဓိထားတဲ့ ဖောက်သည်
ပုံစံကို သေချာသတ်မှတ်ရတယ်။
အဆင့်အနေနဲ့ကတော့
၁။ ဒီဇိုင်းလုပ်တဲ့အဆင့် design
၂။ ဘယ်အပိုင်းတွေကို ဘယ်သူက
ဘယ်လောက်ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲ decide
၃။ တာဝန်လွဲတဲ့အဆင့် delegate
၄။ ကိုယ်လုပ်တဲ့အလုပ် do အဆင့်လေးဆင့်။
ကော်ဖီဆိုင်တစ်ဆိုင်မှာ
ကော်ဖီနဲ့မုန့်နဲ့ပဲရောင်းတာနဲ့၊
တခြားစားသောက်စရာအမယ်တွေများလေလေ
သူ့ရဲ့ scalability ပိုင်း၊
ကိုယ်မပါပဲ လည်ပတ်တဲ့ပုံစံတည်ဆောက်တဲ့အပိုင်း
ကြာလေလေပဲ။
ထိုင်းမှာဆိုရင် Tao Bin ဆိုတာရှိတယ်။
ကော်ဖီကို Venting machine နဲ့သွားတဲ့ပုံစံ။
7-eleven Vening machine တွေဆိုလဲ
condo တွေမှာ တွေ့လိမ့်မယ်။
ဒါကျတော့ product လုပ်လိုက်တယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay