Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။

တိုးတက်မှု မရှိတာ
ဆုပ်ယုတ်နေခြင်းပဲ။
ဒီအတိုင်း ငြိမ်နေတယ်ဆိုတာ မရှိဘူး။

တိုးတက်မှုရှိဖို့
ပေးဆပ်ရတဲ့အရာက ဖိအား။

တိုးတက်ချင်ရင် စိတ်ဖိဆီးမှုခံရမယ်။
tension တစ်ခုတော့ခံရမှာပဲ။

ကျန်းကျန်းမာမာ စပြီးစားသောက်တော့မယ်။
ဖိအားတစ်ခုခံစားရမှာပဲ။

ကိုယ်လေ့လာနိုင်စွမ်းထက်မြင့်တဲ့
ပညာရပ်လေ့လာရင်
ဖိအားတစ်ခုတော့ ခံစားရမှာပဲ။

ကိုယ့်စွမ်းဆောင်ရည်ထက်မြင့်တဲ့
အရာလုပ်ဆောင်တဲ့အခါ
ဖိအားတစ်ခုခံစားရမှာပဲ။

တရားထိုင်ရင်တောင်
ကိုယ့်အဆင့်ထက် နောက်တစ်ဆင့်ရောက်ချင်ရင်
ကျော်လွှားရမည့်ဖိအားတွေရှိတယ်။

ဘဝဆိုတာ အဆင်ပြေတဲ့ ချောင်လေးထဲမှာ
နေနေဖို့ထက်
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကို
တည်ဆောက်ဖို့လို့ ခံယူထားတယ်။

Phyo Paing @ Derek

Share Your Idea!​