ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်ရင်
ဘဝကိုကျေနပ်မယ်။
ဖြစ်ချင်တာ ဖြစ်အောင်မလုပ်နိုင်ရင်
ဘဝကို မကျေနပ်ဘူး။
ဘဝကိုကျေနပ်ရင်
ကျေးဇူးတင်တဲ့စိတ်ထားတတ်မယ်။
ဘဝကို မကျေနပ်ရင်
အပြစ်တင်တဲ့စိတ်များတတ်တယ်။
ကျေးဇူးတင်တဲ့စိတ်များတဲ့သူတွေက
ဖြစ်ချင်တာ ဖြစ်နေတဲ့သူတွေ။
အပြစ်တင်စိတ်များတဲ့သူတွေက
ဖြစ်ချင်တာ မဖြစ်နေတဲ့သူတွေ။
ဖြစ်ချင်တာဖြစ်နေဖို့
ကိုယ့်ရဲ့ ကံစွမ်း၊ ဥာဏ်စွမ်း၊ ဝိရိယစွမ်းကိုပိုသုံး။
ဒါမှမဟုတ်
ဖြစ်ချင်စိတ်လေးကိုလျော့။
Phyo Paing @ Derek