ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအတွက်
နေ့စဥ် ဘာတွေလုပ်ဖြစ်သလဲ။
ဒီနေ့အချိန်က ကိုယ့်ရဲ့
စိတ်ကျန်းမာရေး mental health ကို
ဂရုပြုရမည့်အချိန်ဖြစ်ပါတယ်။
ကိုယ်က ကိုယ့်ရဲ့ therapist
ကုသသူ ဖြစ်မှပဲရမယ်။
၁။ အတွေးတွေကို သတိပြုပါ။
၂။ အတွေးတွေကို ချရေးပါ။
၃။ ကျေးဇူးတင်စရာတချို့ကို စဥ်းစားမှု
နေ့တိုင်း ပြုပါ။ (ဥပမာ ကိုယ့်မိဘ၊
သားသမီး ကျန်းမာနေတာ ဖြစ်ကောင်းဖြစ်မယ်။)
၄။ အပျက်သဘောဆောင်တဲ့ အပြုအမူတွေကို
သတိထားပြီး ပြုပြင်ပါ။
၅။ ဘာမှ မလုပ်ပဲ သတိလေးနဲ့
ဝင်လေ၊ ထွက်လေလေးကို
သုံးမိနစ်လောက် မှတ်ကြည့်ပါ။
၆။ လေ့ကျင့်ခန်းလုပ်ပါ။
၇။ အသိမိတ်ဆွေ၊ နှလုံးသားချင်းနီးစပ်သူတွေနဲ့
စကားပြောပါ။
၈။ ကိုယ့်ကိုယ်ကိုယ် ပြောနေတဲ့ပုံပြင်တွေကို
ဂရုပြုပါ။
၉။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတဲ့သူတစ်ယောက်၊
ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံပါ၊
ဂုဏ်ယူကြည့်ပါ။
စဥ်းစားလို့ရတာ တချို့
အထောက်အကူပြုမယ်လို့ ယူဆပါတယ်။
Phyo Paing @ Derek