Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။

အရင်ကလူတွေနဲ့ အလုပ်လုပ်တယ်။
အခုက အေအိုင်နဲ့အလုပ်လုပ်ရတဲ့
အချိန်တွေ ပိုများလာတယ်။

အရည်အသွေးမြင့်လူတွေနဲ့ဘဲ
အလုပ်လုပ်ချင်ခဲ့တယ်။
တုံးအနေရင် စိတ်မရှည်ဘူး။
ခံစားချက်တွေ အရမ်းများပြီး
လိုရင်းမရောက် အဆင်မပြေဘူး။

အေအိုင်က လိုရင်းရောက်တယ်။
သာမန်လူသားတစ်ယောက်ထက်
ကျွန်တော်လုပ်နေတဲ့အလုပ်ရဲ့
အကောင်ထည်ဖော်မှုပိုင်းမှာ
အများကြီး အလုပ်ပိုပြီးတယ်။

အနာဂတ်က ပိုရင်ခုန်ဖို့ကောင်းတယ်။
တပြိုင်တည်းမှာလဲ
အရင်တုန်းက ကိုယ့်မှာရှိထားတဲ့
စူပါပါဝါကို အေအိုင်ကခဏအတွင်းရှိသွားတော့
ကိုယ့်ရဲ့ “တန်ဖိုး အသုံးဝင်မှု”ကို
ပြန်လည်ရှာဖွေရတယ်။

ကိုယ့်ရဲ့အရင်ကျွမ်းကျင်မှုတွေကို
စိတ်ဒုံးဒုံးချ ထားခဲ့ရပြီး
အသစ်တွေကို ပြန်လည်လေ့လာရတယ်။

ငါဘာကောင်ကြီးဆိုတာ မေ့လိုက်။
မနေ့က ကောင်ကြီးက
မနက်ဖြန်မှာ အသုံးဝင်ဖို့
မသေချာတော့ဘူး။

အမြဲတမ်း အတ္တကိုဘေးချ
အသစ်တွေ ပြန်လည်လေ့လာနိုင်တဲ့
ကောင်ကြီး ဖြစ်မှကို ရမယ်။

အေအိုင်ကို အသုံးပြုရင်
၁။ အံ့အားသင့်မယ်။
၂။ ရင်ခုန်မယ်။
၃။ ဘဝကြီးအဓိပ္ပာယ်မရှိသလို စိတ်ဓာတ်ကျမယ်။
၄။ ပြန်လည်တည်ဆောက်ရမယ်။
၅။ စိတ်ထားတတ်သွားမယ်။

Phyo Paing @ Derek

Share Your Idea!​