လူတွေက ပျော်ရွှင်ချင်ကြတယ်။
နည်းလမ်းမျိုးစုံနဲ့ ပျော်ရွှင်မှုရှာကြတယ်။
သာယာမှု ကနေရှာတယ်။
အစားအသောက်ကောင်းလေးစားလိုက်ရရင်
ပျော်တာမျိုး။
ပိုင်ဆိုင်မှုကနေရှာတယ်။
ကိုယ်ကြိုက်တဲ့ ပစ္စည်းတွေဝယ်လိုက်ရရင်
ပျော်တာမျိုး။
အသိမှတ်ပြုခံရမှုကနေရှာတယ်။
ကိုယ်သား၊ သမီးက ဘယ်တက္ကသိုလ်ကြီးမှာ
တက်နေတာမျိုး။
အိုင်ဒီယာတွေကနေ အပျော်ရှာတယ်။
အတွေးအခေါ်တူတဲ့သူတွေ
အိုင်ဒီယာ ဖလှယ်ကွန့်မြူးပျော်ဆိုကြတာမျိုး။
နောက်တစ်မျိုးက ပေးဆပ်မှုကနေရှာတာမျိုး။
ငါ့နိုင်ငံ၊ ငါ့လူမျိုး၊ ကိုယ့် သမိုင်းပေးတာဝန်အတွက်
ဘဝကို ပေးဆပ်ပြီး ပျော်ရွင်မှုရှာတာမျိုး။
လီကွမ်းယူက သူ့ဘဝမှာ အရေးကြီးတာ
နှစ်ခုရှိတယ်တဲ့။
My family and my country တဲ့။
ငါ့မိသားစုကို ငါ့မိန်းမ တာဝန်ယူတယ်။
ငါ့နိုင်ငံကို ငါတာဝန်ယူတယ်။
ငါသေသွားလို့ တစ်ခုခု မှားနေရင်တောင်
သင်္ဂြိုလ်က ပြန်ထလာမယ်ဆိုတဲ့
မိန့်ခွန်းမျိုးတွေ ပြောခဲ့တာ ကြည့်ရင်သိနိုင်တယ်။
အသက် ၇၆ နှစ် နှစ်ပေါင်းများစွာ
ဘာကြောင့် ဒုက္ခခံပြီး ပေးဆပ်နေလဲ။
ဒါက တခြားသူတွေနဲ့ မတူတဲ့
ပျော်ရွင်မှု အဆင့်မှာ ရောက်နေလို့ပဲ။
ကမ္ဘာတစ်ခုတည်းမှာ လူသားတွေရှင်သန်နေတာ
အန္တရာယ်များတယ်။
လူသားတွေရဲ့ သိမှုဆိုင်ရာကို
တခြားဂြိုလ်တွေမှာပါ ရှိနေစေချင်တယ်။
ဒါက ဂြိုလ်သား အီလွန်ရဲ့
ရောက်ရှိနေတဲ့ ပျော်ရွင်မှု အဆင့်။
ကိုယ့်ရဲ့ ပျော်ရွင်မှု အဆင့်က
ဘယ်လောက်မှာလဲ။
အဘခေါ်တာကို သာယာတဲ့
အဆင့်မှာပဲ ရှိသေးတာလား၊
သမိုင်းပေးတာဝန်ကို
အကောင်အထည်ဖော်တဲ့အဆင့်လား။
Phyo Paing @ Derek