အလုပ်လုပ်တာ မြန်တာနဲ့
စိတ်ရှည်တာ မတူဘူး။
စိတ်ရှည်တယ်ဆိုတာ
အနာဂတ်ရည်မှန်းချက်ပန်းတိုင်အတွက်
နေ့စဥ် အလုပ်လုပ် ကိုယ့်ကိုကိုယ် train နေ
ကိုယ့် team ကို စိတ်ရှည်ရှည်နဲ့
တည်ဆောက်နေတာ။
ထိုင်စောင့်နေတာမဟုတ်ဘူး။
အလုပ်လုပ်တာ မြန်တာက
အကောင်အထည်ဖော်တာ
လုပ်ရပ်တစ်ခုကို မြန်မြန်လုပ်ဆောင်တာ
ဖြစ်တယ်။
လူတွေက စိတ်ရှည်တာ၊ စောင့်ဆိုင်းတာနဲ့
အလုပ်လုပ်မြန်တာကို
ရောထွေးနေတတ်တယ်။
တခြားသူတွေရဲ့ အခြေအနေနဲ့
ကိုယ့်ရဲ့အခြေအနေသွားနှိုင်းမယှဥ်နဲ့။
ကိုယ်နှိုင်းယှဥ်တဲ့ လေးထပ်အိမ်က
မြင့်ကောင်းမြင့်လိမ့်မယ်။
ဒါပေမယ့် ကိုယ်တည်ဆောက်နေတာက
မိုးမျှော်တိုက်လဲ ဖြစ်ချင်ဖြစ်မယ်။
ခုမှ foundation ချနေတာလဲ
ဖြစ်ရင်ဖြစ်မယ်။
ကိုယ့်ရဲ့ မပြီးသေးတဲ့ ပန်းချီကားနဲ့
သူများရဲ့ ပန်းချီကားသွားနှိုင်းမယှဥ်နဲ့။
Phyo Paing @ Derek