Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ

ကိုယ့်ရဲ့ “လက်ရွေးစင်ဆေး” ကဘာလဲ။
လူတိုင်းက မသိလိုက် မသိဖာသာ
ဆေးစွဲနေကြတယ်။
ဒါကို “Drug of Choice” လို့ခေါ်တယ်။

တချို့က shopping နဲ့ အပန်းဖြေတယ်။
တချို့က ရတနာတွေစုရင်း အပန်းဖြေတယ်။
တချို့က affordable luxury လေးတွေဖြစ်တဲ့
coffee နဲ့ အပန်းဖြေတယ်။​
တချို့က ကိုရီးယားအချစ်ကားကြည့်
အပန်းဖြေတယ်။​
တချို့က ဝိုင်သောက်တယ်။
တချို့က အတင်းပြောတယ်။
တချို့က စာဖတ်တယ်။
တချို့က အရွက်တွေရှူတယ်။

လူတိုင်းရဲ့ “လက်ရွေးစင်ဆေး”
drug of choice ရှိတတ်ကြတယ်။​
ဒီဆေးသုံးလိုက်တိုင်း
ဦးနှောက်ရဲ့ ဆုပေးမှုအဖွဲ့အစည်းကို
သွားလှုံ့ဆော်တယ်။

ကိုယ့်ရဲ့ ပျော်ရွင်မှုအတွက်
လက်ရွေးစင်ဆေးက
ဘေးဥပတ်မဖြစ်ဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​