Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်

လှေတစ်စင်းရှိတယ်ဗျာ။
ဒီလှေက အစိတ်အပိုင်းတွေအကုန်လဲပြီး
အစိတ်အပိုင်းအသစ်တွေနဲ့အစားထိုးပြီးသွားတဲ့အခါ
အရင်လှေပဲလား။
လှေအသစ်ဖြစ်သွားသလား။

ဖြစ်နိုင်တဲ့အဖြေတစ်ခုက
လှေဟာ သူ့ရဲ့မူလပုံပန်းသဏ္ဌန်ကို
ထိန်းသိမ်းထားနိုင်သ၍
အသစ်တွေနဲ့ အစားထိုးသွားပေမယ့်
အရင်လှေပဲ။
ဒါပေမယ့် ပုံပြောင်းပြီး သဲထိုးလိုက်ရင်
အရင်လှေ မဟုတ်တော့ဘူး။

ဒါကို ship of Theseus လို့ခေါ်တယ်။

လူတွေမှာ apoptosis အပိုတိုးစစ် လို့ခေါ်တဲ့
ဆဲလ်တွေ အလိုအလျောက်သေတဲ့ဖြစ်စဉ်ရှိတယ်။
သွေးနီဥဆို ရက်ပေါင်း ၁၂၀။
သွေးဖြူဥဆို ၁၃ ကနေ ရက် ၂၀။
ပြီးရင်အသစ်အသစ်ပြန်ဖြစ်နေတယ်။

၇ နှစ်နေတိုင်းမှာ
ကိုယ့်ခန္ဓာကိုယ်ကြီးဟာ အသစ်အသစ်
ပြန်ဖြစ်နေတယ်။

အဲ့တော့ ၇ နှစ်နေရင် သင်ဟာ အရင်သင်ပဲလား?
ဒါမှမဟုတ် လူသစ်လား?

လူတွေမှာလဲ အလားတူပဲ။
ကိုယ်ဖြစ်နေတဲ့ပုံစံကို မကြိုက်ရင်
အချိန် ၇ နှစ်စောင့်နေစရာမလိုဘူး။
စောင့်နေလဲ ပိုနေမြဲကျားနေမြဲဆို
ပြောင်းမှာ မဟုတ်ဘူး။

ကိုယ့်ရဲ့ လက်ရှိပုံကိုမကြိုက်ရင်
အသစ်တဖန် ပြန်ဖန်တီးလို့ရပါတယ်။

Phyo Paing @ Derek

Share Your Idea!​