၂၃ နှစ်ပြည့်တဲ့လမှာပဲ ဘွဲ့ရတယ်။
အဲ့အချိန် ကိုယ့်မှာထမင်းစားပညာဆိုလို့
ဆေးကုတတ်တာပဲရှိတယ်။
မေးခွန်းက ခဏလောက် ဆေးကုပြီး
အသက်မွေးဝမ်းကြောင်းပြုပြီး
တစ်ဖက်က
စီးပွားရေး စီမံခန့်ခွဲမှုပညာလေ့လာမလား။
တခါတည်းအချိန်မြန်မြန်ပေးပြီး
နောက်ဆုံးနှစ်နဲ့ညီတဲ့ ဒီပလိုမာတစ်ခု
မြန်မြန်ရအောင်လုပ်မလား။
ဆေးကုသတဲ့အလုပ်ကိုတော့
ကိုယ်တိုင်မလုပ်ဖြစ်ဖို့က ၉၀% သေချာတယ်။
ဒီတော့ တကယ်လို့ နှစ်ခုလုပ်မယ်ဆို
ဝင်ငွေရမယ်။
ဒါပေမယ့် ဒီပလိုမာရဖို့ အချိန်ကြာမယ်။
ဒါဆို နောက် career တစ်ခုကိုကူးဖို့
အချိန်ပိုကြာသွားနိုင်တယ်။
ဒီလို စဥ်းစားတာကို second order thinking လို့
ခေါ်ကြတယ်။
ပိုကြာသွားရင် ဘာမှန်းမသိတဲ့အနာဂတ်မှာ
အလုပ်ခွင်ဝင်ဖို့ အချိန်ပိုကြာသွားမယ်။
အချိန်ပိုကြာသွားရင်
ကိုယ်ဖြစ်ချင်တဲ့ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့
နှောင့်နှေးသွားမယ်။
ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်မယ်။
နောက်ဆက်တွဲတွေ များတယ်။
ကိုယ့်ရွယ်တူတွေနဲ့ ယှဥ်တိုင်း
နောက်ကောက်ကျနေတဲ့ ခံစားချက်က
ကိုယ့်ကို ပျော်စေမှာ မဟုတ်ဘူး။
ဒီ Third order thinking ကို စဥ်းစားကြည့်ပြီး
တစ်ခုတည်းကို အာရုံစိုက်ပြီး
လေးငါးလလောက် လုပ်ပြီး
အချိန်ပိုင်း စာပြန်သင်ခဲ့တယ်။
ကိုယ်ဘယ်လို စဥ်းစားလဲ
ကိုယ့်ရဲ့ mental model အရေးကြီးတယ်။
ဘဝမှာ အမှားတွေ လုပ်မိမှာပဲ။
ဒီအမှားတွေရဲ့ နောက်ဆက်တွဲ
ပိုမကြီးအောင် စဥ်းစားနည်းလိုတယ်။
Phyo Paing @ Derek