လူတော်တော်များများမှာ
ဖြစ်ချင်ပြီး မဖြစ်သေးတဲ့အရာတွေရှိတယ်။
အိမ်မက်ရှိတယ်။
တိတိကျကျ ချရေးပုံဖော်ထားတာ
ရှိတာနဲ့ မရှိိတာပဲ ကွာရင်ကွာမယ်။
အိမ်မက်ရှိ ရည်မှန်းချက်တွေရှိရင်
ကြံဆမှုတွေ ပြုလုပ်ရပြီ။
ကိုယ့်အိမ်မက်တွေဆီရောက်အောင်
ဘယ်လိုသွားမလဲ။
ကိုယ့်ကိုကိုယ် နားမလည်သေးတဲ့သူတွေကတော့
အိမ်မက်တွေ ခဏခဏ ပြောင်း၊
တန်ဖိုးထားမှုတွေ ခဏခဏပြောင်းမယ်။
ကိုယ့်ကိုကိုယ် သိဖို့က
၁။ ကိုယ့်ရဲ့ ထူးချွန်မှု talent
၂။ ကိုယ့်ရဲ့ ဝါသနာ passion
၃။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု skill
၄။ တန်ဖိုးထားမှု core values
၅။ ဘဝရည်ရွယ်ချက် purpose
၆။ ပေါင်းသင်းဆက်ဆံချင်တဲ့ အသိုင်းအဝိုင်း network
၇။ လောကအတွက်ဖြေရှင်းချင်တဲ့ ပြဿနာ need/ want
ဒီအချက်တွေကိုသိဖို့လိုတယ်။
ဒါတွေကို မသိရင် လေတိုက်ရင်ယိမ်းနေမှာပဲ။
အိမ်မက်တွေအတွက် ကြံဆမှုပြုလုပ်ဖို့
မဟာဗျူဟာ strategy လိုပြီ။
ဘဝကို ဘယ်လိုပုံစံနေထိုင်မလဲ။
နေ့စဉ် ဘာအလုပ်တွေ လုပ်ပြီး
တစ်ဆင့်ချင်း ဘယ်လိုလှမ်းမလဲ။
ဘယ်လိုလူတွေနဲ့တွေ့ရမလဲ၊
ဘယ်လို နေရာမှာ နေရမလဲ၊
ဘယ်လို အိုင်ဒီယာတွေ ခေါင်းထဲထည့်ရမလဲစဉ်းစားရပြီ။
ဒီ မဟာဗျူဟာကို နေ့စဉ်ဘဝမှာ
အသုံးချနိုင်ဖို့ စနစ် system လိုလာပြီ။
မနက်ကညအထိ အချိန်စီမံတဲ့ time management system
စိတ်ခံစားမှုကို စီမံတဲ့စနစ် emotional management
အချစ်ရေးနဲ့ ပေါင်းသင်းရေးရာ
ငွေကြေးစီမံခန့်ခွဲမှုစနစ်
အလုပ်လုပ်တဲ့ စနစ်
ဒီစနစ်တွေကို ပိုပိုကောင်းအောင်လုပ်ရပြီ။
အိမ်မက်တွေရှိပြီး
Strategy မဟာဗျူဟာနဲ့
System စနစ်မရှိရင်
အဲ့အိမ်မက်က ရောက်ဖို့မလွယ်ဘူး။
အိမ်မက်တွေ မက်တာ လူတိုင်းလုပ်တတ်တယ်။
အိမ်မက်တွေကို အကောင်အထည်ဖော်တာ
လူတိုင်းမလုပ်နိုင်ဘူး။
ကိုယ်ဖြစ်ချင်တာ ဖြစ်အောင်လုပ်နိုင်တာလူတော်။
ဖြစ်ချင်တာ မလုပ်နိုင်လို့ ရောင့်ရဲလို့ရတယ်။
ဖြစ်ချင်တာမဖြစ်နိုင်လို့ သူများကို အပြစ်တင်ပြီး
အချိန်တွေ ဖြုန်းနေလို့ရတယ်။
လောင်နေလို့ရတယ်။
တခြားသူတွေကိုပြောင်နေလို့ရတယ်။
ကြိတ်ကြေကွဲနေလို့ရတယ်။
ကိုယ့်ရွေးချယ်မှုပဲ။
Phyo Paing @ Derek