ကိုယ့်လမ်းကိုယ်ရှာ။
လူတိုင်းမှာ
ဘဝမေးထားချက်နဲ့
မေးထားချက် ပုစ္ဆာတွေမတူဘူး။
ဖြစ်နေတဲ့ဘဝနဲ့
ဖြစ်ချင်တဲ့ဘဝတွေမတူဘူး။
လောကကိုမြင်တဲ့အမြင်မတူသလို
ရောက်နေကြတဲ့အမြင့်လဲမတူဘူး။
တက္ကသိုလ်ကျောင်းသားအတွက်
အလုပ်ဖြစ်တာက
မူလတန်းကျောင်းသားအတွက်
အလုပ်ဖြစ်တာတွေရှိသလို
မဖြစ်တာတွေလဲအများကြီးရှိနိုင်တယ်။
ဒါကြောင့်
အများသူငါသွားနေတဲ့လမ်း။
တခြားသူတွေသွားတဲ့ သူ့လမ်း။
ကိုယ့်လျှောက်မည့် ကိုယ့်လမ်း။
တူချင်လဲတူမယ်။
တူချင်မှလဲ တူလိမ့်မယ်။
သေချာတာကတော့
တစ်ပုံစံတည်းဖြစ်နေမှာမဟုတ်ဘူး။
လိုချင်တာရဖို့ တစ်လမ်းထဲ
ရှိတောတော့လဲ မဟုတ်ဘူး။
အများလမ်း။
သူ့လမ်း။
ကိုယ့်လမ်း။
ကိုယ့်လမ်းကိုယ်ရှာ။
ကိုယ့်လမ်းကိုယ်ဖောက်။
ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲ။
Phyo Paing @ Derek