Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားပါ။

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားပါ။

ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတစ်ခု တည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေအတွက်

E-Myth Revisited စာအုပ်ထဲက သဘောတရားတစ်ခုကို မျှဝေပေးပါမယ်။

အဲဒါကတော့

ကိုယ့်လုပ်ငန်းကို Product တစ်ခုလို စဥ်းစားကြည့်ပါ။

Product တစ်ခုကို ထုတ်လုပ်တဲ့အခါ ကျွန်တော်တို့အနေနဲ့ ဘယ် ကုန်ကြမ်း သုံးမယ်၊ ဘယ်လို နည်းလမ်းတွေ သုံးပြီး ထုတ်မယ်၊ ဘယ်လို အရည်အသွေးမျိုးရှိရမယ် စသဖြင့်

ကုန်ချော ထွက်လာတဲ့အထိ ဘယ်သူက၊ ဘယ်အချိန်၊ ဘာတွေလုပ်ရမလဲဆိုတဲ့ စံတွေ၊ လုပ်ငန်းဆောင်တာတွေကို အတိအကျ သတ်မှတ်ထားပါတယ်။

ဒီအခါ အဲဒီ product ကို ဘယ်နှကြိမ်ပဲ ထုတ်ထုတ် ကိုယ်တိုင် အစအဆုံး ပါနေစရာမလိုဘဲ တူညီတဲ့ product ပေါင်း သောင်းချီ၊ သိန်းချီ ထုတ်နိုင်ပါတယ်။

ကိုယ့်လုပ်ငန်းကို Product တစ်ခု ထုတ်လုပ်သလို စဥ်းစားပြီး

နေ့စဥ်လုပ်ဆောင်ရတဲ့ လုပ်ငန်းဆောင်တာတွေကို စံတွေ၊ စနစ်တွေ ချပြီး လိုချင်တဲ့ ရလဒ် ရအောင်လုပ်နိုင်မယ်ဆိုရင် ဘယ်လိုနေမလဲ ?

ဒီလိုမျိုး ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောက်နိုင်ဖို့

လုပ်ငန်းရှင်တွေ အတွက် စီးပွားရေးအသိပညာတွေ ဖတ်ရှုနိုင်မယ့် AkyanPay App နဲ့

လုပ်ငန်းနဲ့ ပက်သက်ပြီး Plan တွေ ချနိုင်မယ့် AkyanPay Creator Studio ကို ဖန်တီးပေးဖြစ်တာပါ။

မိတ်ဆွေရော ? ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတစ်ခုတည်ဆောက်ဖို့ စဥ်းစားနေပြီလား ?

ဒီဆောင်းပါးက မိတ်ဆွေအတွက် တစုံတရာ အကျိုးရှိစေခဲ့ရင် တခြား မိတ်ဆွေတွေကိုလည်း မျှဝေပေးပါဦး။

#AkyanPay
ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
www.AKyanPay.com

Share Your Idea!​