ကိုယ့်လုပ်ငန်းမှာ ဒါတွေရှိပြီလား။
၁။ ပြိုင်ဖက်တွေ အတုခိုးရခက်တဲ့
ဥာဏ မူပိုင်ခွင့် Intellectual property
နည်းစနစ်တစ်ခုဖြစ်ရင်ဖြစ်မယ်၊
အမှတ်တံဆိပ်၊
လျှို့ဝှက်ချက်တစ်ခု (ဥပမာ
ကိုကာကိုလာဆို သူ့ရဲ့ ဖော်မြူလာ)
၂။ ဂေဟ စနစ်။
Ecosystem လို့ ခေါ်ပြီး
ပြိုင်ဖက်တွေ အလွယ်တကူ
ကော်ပီကူးရခက်တဲ့ စနစ်။
ကိုယ့်လုပ်ငန်း ကြော်ငြာကို
ကော်ပီကူးလို့ရကောင်းရမယ်၊
ကုန်ပစ္စည်းကို ကော်ပီကူးလို့ရကောင်းရမယ်၊
ဒါပေမယ့် ဂေဟစနစ်တစ်ခုလုံးကူးလို့မရဘူး။
၃။ အရှိန်
ရွှေစျေးတွေ တက်နေပြီးလုပ်ငန်းငွေကို
ရွှေမှာ ရင်းထားရင် ပိုကိုက်တာပဲ။
ဘာလို့ စီးပွားရေးလုပ်နေသလဲ။
အရှိန်မှာ။
လုပ်ငန်းတစ်ခုအောင်မြင်ဖို့
အချိန်စောင့်ရပါတယ်။
ဒီ timing အချိန်အတွက်
အရှိန်ကို ဆောက်ထားတဲ့သဘောပါ။
၄။ စီမံခန့်ခွဲမှု ဦးဆောင်သူ
လုပ်ငန်းတစ်ခုမှာ ကိုယ်မပါဘဲ
လည်ပတ်ဖို့အတွက်
စနစ်တစ်ခုတည်းကောင်းရုံနဲ့မရပါဘူး။
ထူးချွန်တဲ့ ဦးဆောင်သူနဲ့
ကောင်းမွန်တဲ့ ရုံးတွင်းယဥ်ကျေးမှုလိုပါတယ်။
အထက်ကပြောသွားတဲ့ အချက်တွေက
စီးပွားရေး ခံတပ်
Economic Moats ထဲက အချက်တချို့ပဲဖြစ်ပြီး
လုပ်ငန်းလုပ်တယ်ဆိုတာ
ဂိမ်းတစ်ခု ကစားသလိုပဲ
ပျော်ဖို့ကောင်းတယ်။
စီးပွားရေး ဂိမ်းမှာ တိုင်မပတ်ဖို့
ကစားကွက် အနေအထားတွေကို
နားလည်ပြီး
ဝေဒနာနဲ့ မခံစားပဲ
ဒေတာနဲ့ ကုစား ပြုစုပျိုးထောင်ဖို့လိုနိုင်တယ်။
Akyanpay
ကိုယ်မပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay