Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်လုပ်ငန်းရောင်းအားတတ်ဖို့
စျေးလျော့ရောင်းနေရတုန်းလား။

ကိုယ့်လုပ်ငန်းရောင်းအားတတ်ဖို့
စျေးလျော့ရောင်းနေရတုန်းလား။

လုပ်ငန်းတစ်ခုအနေနဲ့ ပုံမှန်ပြိုင်ကြတဲ့အခါ
စျေးသက်သာတာအပြင်၊
ပိုမြန်တာ၊ ဝယ်ယူရပိုလွယ်ကူတာ၊
ပိုကောင်းတာ။
ဒီ “ပို” တွေနဲ့ပြိုင်ကြပါတယ်။

ရှိပြီးသားစျေးကွက်အတွင်းမှာ
ရှိပြီးသား ကုန်ပစ္စည်း၊ ဝန်ဆောင်မှုနဲ့
ပြိုင်တာဟာ သမုဒ္ဒရာမှာ
ငါးမန်းတွေ သားကောင်တွေအတွက်
ထိုးစစ်ဆင်ရင်းနဲ့ သမုဒ္ဒရာပြင်ကြီး
သွေးသံရဲရဲ ဖြစ်သွားတာနဲ့တင်စားတဲ့အတွက်
တင်စားပြီး ပြင်သစ်အခြေစိုက်
စီးပွားရေးတက္ကသိုလ်ကြီးဖြစ်တဲ့
Insead မှ ပရိုဖက်ဆာနှစ်ဦးဖြစ်တဲ့
W. Chan Kim and Renée Mauborgne ကဆိုခဲ့ပါတယ်။

ဒီအစား ပြိုင်ဖက်တွေ မသွားသေးတဲ့စျေးကွက်၊
ဝန်ဆောင်မှု၊ နယ်ပယ်ကို သွားခြင်းဖြင့်
စျေးကွက်သစ်ကို ဖော်ဆောင်လို့ရပြီး
အမြတ်ငွေ များစွာရစေနိုင်တာကို
တင်စားပြီး Blue Ocean Theory ကို
စတင်ဖန်တီးခဲ့ပြီး ကမ္ဘာကျော်ခဲ့ပါတယ်။

ဒီနေ့ခေတ် အသုံးပြုနေတဲ့
iPhone ဆိုတာ Blue Ocean သာဓကတစ်ခုဖြစ်ပြီး
Australia အခြေစိုက် Yellow Tails Wine ဟာလဲ
ဝိုင်သောက်သုံးသူတွေကို အဓိကမထားပဲ
ဘီယာသောက်သုံးတဲ့ လူငယ်စျေးကွက်ကို
အဓိကထားဖော်ဆောင်ခဲ့မှုကြောင့်
အောင်မြင်မှုအထူးရခဲ့ပါတယ်။

ဒီလို လုပ်ဆောင်ဖို့
တချို့အပိုင်းတွေကို ဖြုတ်ပြစ်ရပါတယ်။
ဒါကို Eliminate လို့ခေါ်ပါတယ်။
iPhone ဥပမာနဲ့ ကြည့်မယ်ဆိုရင်
model တွေ အများကြီးထုတ်တာကို
ဖယ်ရှားပြီး ၂၀၀၇ မှာစတင်ပြီး
အနက်ရောင်တစ်မျိုးပဲစထုတ်ခဲ့တာပါ။

ဒုတိယကတော့ Reduce
လျော့ချလိုက်တာပါ။
ခလုတ်တွေအများကြီးပါဝင်မှုကို
လျော့ချခဲ့တာ သာဓကတစ်ခုဖြစ်ပါတယ်။

ဘာတွေ ပိုအောင်လုပ်လဲဆိုရင်
raise လုပ်တဲ့နေရာ mobile + internet ကို
ပိုအသားပေးပြီး
အသုံးပြုရလွယ်အောင်၊
ဖျော်ဖြည်ရေးအပိုင်းပိုသုံးနိုင်အောင်
ဖန်တီးခြင်းဖြစ်ပါတယ်။

အရင်တုန်းက ဖုန်းတွေမှာ
များများစားစားမရှိတဲ့
mobile app တွေကို
app store ဖန်တီးပြီးစီစဥ်ခဲ့တာဟာ
create လို့ပြောလို့ရပြီး
ဒါကို Eliminate-Reduce-Raise-Create framework ဆိုပြီး
Blue Ocean မဟာဗျူဟာကို
ဖန်တီးတဲ့အခါ အသုံးပြုကြပါတယ်။

ကိုယ့်လုပ်ငန်းအတွက်
တခါတလေ စျေးကွက်သစ်ရှာရမည့်အချိန်
ဖြစ်နေတတ်ပါတယ်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​