ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ
“စနစ်”ဆိုတာ အစိတ်အပိုင်းတစ်ခုမျှသာဖြစ်ပါတယ်။
တခြားလိုအပ်တဲ့ အချက်တွေ ရှိပါသေးတယ်။
စနစ်နဲ့အတူလည်ပတ်မည့် “ဝန်ထမ်း”တွေ၊
ဝန်ထမ်းတွေမှာရှိတဲ့ “ကျွမ်းကျင်မှု” တွေ၊
ဝန်းထမ်းတွေရဲ့ အားထုတ်မှုတွေအထိရောက်ဆုံးဖြစ်ဖို့
“ဝန်ထမ်းရေးရာဖွဲ့စည်းပုံ”၊
ဝန်ထမ်းတွေကို ဦးဆောင်ဖို့ “ဦးဆောင်မှုပုံစံ”
ခပ်ကြမ်းကြမ်းဦးဆောင်မှာလား၊ မိဘလိုဦးဆောင်မှာလား၊
ဆရာတစ်ယောက်လိုဦးဆောင်မှာလား၊
လုပ်ပိုင်ခွင့်တွေ အပြည့်ပေးပြီးဦးဆောင်မှာလား၊
ဦးဆောင်မှုပုံစံက ဝန်ထမ်းတွေရဲ့ စွမ်းရည်နဲ့စရိုက်အလိုက်
ကွာသွားနိုင်ပါတယ်။
နောက်အရေးကြီးတာတစ်ခုကတော့
ကိုယ့်လုပ်ငန်းရဲ့ “မဟာဗျူဟာ” ဖြစ်ပါတယ်။
ဘယ်လိုနည်းနဲ့ ကိုယ့်လုပ်ငန်းစိတ်ကူးအိမ်မက်ကို
အကောင်ထည်ဖော်မလဲဆိုတဲ့အပိုင်းဖြစ်ပါတယ်။
နောက်ဆုံးတစ်ပိုင်းကတော့
အရေးအကြီးဆုံးအပိုင်းလဲဖြစ်တဲ့
“တန်ဖိုးထားမှု” ဖြစ်ပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ တန်ဖိုးထားမှုတွေက ဘာတွေလဲ?
ကိုယ်ချင်းစာတရားလား၊ အပြန်အလှန်လေးစားမှုလား၊
ကြိုးစားမှုလား အစရှိတဲ့ လုပ်ငန်းရဲ့တန်ဖိုးထားမှုတွေနဲ့
ဝန်ထမ်းတွေရဲ့ တန်ဖိုးထားမှုတွေ တူဖို့လိုပါတယ်။
ဒါကြောင့် အလုပ်မခန့်ခင် ကြိုတင်ပြင်ဆင်ဖို့လိုပါတယ်။
(အထက်မှာဖောက်ပြသွားတဲ့ System, Staff, Skills, Structure, Style, Strategy, Shared Values ကိုတော့ McKinsey’s 7S framework လို့ခေါ်ပါတယ်။)
ကိုယ့်လုပ်ငန်းအတွက် Plan ချနိုင်ဖို့
www.akyanpay.com ကိုဖန်တီးပေးထားပါတယ်။
ကိုယ်မလိုပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။
#Akyanpay