ကိုယ့်လုပ်ငန်းအတွက် Brand Story ရှိပြီလား?
ဒီနေ့ခေတ်လုပ်ငန်းမှာအောင်မြင်ဖို့အတွက် လူတွေကိုယ့်အမှတ်တံဆိပ်ကို မှတ်မိဖို့အရေးကြီးပါတယ်။ ဒီလိုမှတ်မိပြီး ရင်ထဲစွဲနေဖို့ဆိုရင် Digital Story-telling အရေးကြီးပါတယ်။
ဒီလို Social Media ကနေ ကိုယ့် အမှတ်တံဆိပ်အကြောင်းပြောပြဖို့ Brand Story လိုပါတယ်။
ကျွန်တော့်ရည်ရွယ်ချက်ကတော့ ပြည်တွင်းလုပ်ငန်းရှင်တွေကို နိုင်ငံတကာကမ္ဘာကြီးတွေနဲ့ရင်ဘောင်တန်းယှဥ်ပြိုင်နိုင်အောင် ကူညီပေးဖို့ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကြောင့်လဲ အကြံပေးကို Personal, Professional and Business Development အတွက် တည်ထောင်ဖြစ်တာဖြစ်ပါတယ်။
အမှတ်တံဆိပ်တစ်ခုအောင်မြင်ဖို့ မရှိမဖြစ်ကတော့ Story, Symbol နဲ့ Strategy ဖြစ်ပါတယ်။ ဒီ Post လေးမှာတော့ Story တစ်ခုဘယ်လိုပြောမလဲဆိုတာ ဖော်ပြသွားမှာဖြစ်ပါတယ်။ Story သည် ရင်ထဲကလာတဲ့ အမှန်စကားတော့ဖြစ်ရပါမယ်။
ပုံပြင်တစ်ခုပြောဖို့ Lean Branding ရဲ့ Frame ကတော့
၁။ ဟိုးအရင်တုန်းက * —–
၂။ သူဟာအမြဲတမ်း —-ကိုလုပ်ဆောင်တယ်
၃။ ဒါပေမယ့် ပြဿနာတစ်ခု အမြဲရှိနေခဲ့တယ် *——
၄။ ဒါကြောင့် အဲ့ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားတယ် *
၅။ ဒါပေမယ့် သူဖြစ်တဲ့အရာက *——
၆။ တနေ့မှာတော့ *———
၇။ သူတွေးထားတဲ့ ဖြေရှင်းပုံနဲ့မတူတဲ့ အရာကို တွေ့သွားခဲ့တယ် *
၈။ သူ့ရဲ့ ဆန္ဒပြည့်သွားခဲ့တယ် *
ဒီ ရှစ်ခုပေါ်မှာမူတည်ပြီး Brand Story တစ်ခုတည်ဆောက်သွားနိုင်ပါတယ်။
==========================================
အထက်ပါရှစ်ချက်ပေါ်အခြေခံပြီးတည်ဆောက်ထားတဲ့
အကြံပေးရဲ့ Story ဖြစ်ပါတယ်။
လုပ်ငန်းစတင်တုန်းကအားကိုးရာမရှိခဲ့ဘူး၊ ဘယ်ကစလို့ ဘာတွေလုပ်ရမလဲ၊ လုပ်ငန်းအောင်မြင်ဖို့အတွက်ဘာတွေလိုအပ်မလဲ အစရှာမရခဲ့ဘူး။
Seminar တွေတက်ပြီး ကြားဖူးနားဝတစ်စတစ်စပဲ အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တယ်။ တချို့အဆင်ပြေတယ်။ တချို့ကတော့လဲကိုယ့်လုပ်ငန်းနဲ့မကိုက်ဘူး။
အမြဲ ပြဿနာတစ်ခုက စနစ်မကျတာပါပဲ။ လုံးဝ organize မဖြစ်ဘူး။
ဒီပြဿနာကိုဖြေရှင်းဖို့ software တွေတစ်ခုပြီးတစ်ခုသုံးပြီးဖြေရှင်းကြည့်တယ်။ နောက် အင်တာနက်ကမွှေနှောက်ရှာဖွေတယ်။
ဒါပေမယ့် သူဖြစ်ချင်တဲ့အရာက တကယ်လုပ်ငန်းနဲ့ဘဝတိုးတက်ဖို့ လိုအပ်တဲ့ tools တွေအကုန်လုံးကို တစ်နေရာထဲမှာစုစည်းထားချင်တာ။
ဒီလိုနဲ့ စာအုပ်တွေဖတ်၊ သင်တန်းတွေတက်၊ နိုင်ငံတကာကုမ္ပဏီကြီးမှာ အလုပ်ဝင်လုပ်၊ ကိုယ်တိုင်လုပ်ငန်းစတင်ခဲ့ပြီး လေ့လာခဲ့တဲ့အတွေ့အကြုံတွေကို sharing လုပ်ရင်း သင်တန်းသားပေါင်း ၂၀၀၀၀ ကျော်ကို သင်တန်းပေးခဲ့တယ်။ နိုင်ငံတကာကုမ္ပဏီ နဲ့ ပြည်တွင်းကုမ္ပဏီ ၂၀၀ ကျော်ကို သင်တန်းပေးပြီး Coaching လုပ်လာတဲ့အတွေ့အကြုံတွေပေါ်အခြေခံ အဆီအနှစ်ထုတ်ပြီး လုပ်ငန်းတစ်ခုကို စနစ်ချဖို့ မရှိမဖြစ်လိုအပ်တဲ့ Planning လုပ်ဖို့ www.akyanpay.com ကိုစတင်ဖြစ်ပါတယ်။
အရင်အသုံးပြုခဲ့တဲ့ ဖြေရှင်းပုံတွေနဲ့မတူတာက website မှာလိုချင်တဲ့ ကမ္ဘာကျော် tools/framework တွေအကုန်လုံးကို တစ်နေရာထဲမှာအလွယ်တကူဖန်တီးရုံပါပဲ။ နောက်ပိုကောင်းတာတစ်ခုက ဦးနှောက်ငှားပြီး ကိုယ့်လုပ်ငန်းကို Plan လုပ်ဖို့ စီးပွားရေးမဟာဘွဲ့ရပြီးတဲ့ Akyanpay Coach တွေနဲ့ချိပ်ဆက်ပြီး အောင်မြင်မှုမြန်နှုန်းမြင့်နိုင်တာပဲဖြစ်ပါတယ်။
ကျွန်တော့်ရဲ့ အိမ်မက်တွေကို Plan လုပ်ဖို့ Akyanpay.com က perfect ဖြစ်စေခဲ့တယ်။ မိတ်ဆွေရဲ့လုပ်ငန်းအတွက်လဲ Planning လုပ်ဖို့ www.akyanpay.com ကိုဖန်တီးပေးထားပါတယ်။
#Akyanpay