ကိုယ့်အတွက်အရေးမပါသူတွေရဲ့
အထင်အမြင်က
ကိုယ့်အတွက် အရေးမပါဘူး။
နည်းနည်းရှင်းပြပါရစေ။
တခါတလေ လူတော်တော်များများက
လူတွေရဲ့အထင်အမြင်ကို
လိုတာထက် ဂရုစိုက်တတ်ကြတယ်။
တခါတလေလဲ လူတွေရဲ့အထင်အမြင်က
အရေးမကြီးဘူးဆိုပြီးလဲ
လုပ်မိတတ်ကြပြန်တယ်။
အဲ့တော့ ဒီနှစ်ခုကြားထဲက
ကြားနေ အတွေးအခေါ်တစ်ခု
ဖန်တီးပြီး ဘဝမှာ ကျင့်သုံးကြည့်တယ်။
ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့
အထင်အမြင်က အရေးမပါဘူး။
ဘယ်လိုလူတွေက ကိုယ့်အတွက်
အရေးမပါဘူးလဲ။
ကိုယ့်ရဲ့အောင်မြင်မှုကို
သူတို့ရဲ့ကျဆုံးမှုလို့ ယူဆတဲ့သူတွေ။
ကိုယ့်ရဲ့တိုးတက်မှုကို
သူတို့ရဲ့ဆုတ်ယုတ်မှုလို့ ယူဆတဲ့သူတွေ။
ကိုယ့်ရဲ့အကျိုးစီးပွါးက
သူတို့အတွက် ဆုံးရှုံးမှုလို့ထင်တဲ့သူတွေ။
ဒါတွေက ကိုယ့်အတွက်
အရေးမပါတဲ့သူတွေပဲ။
ဒါကြောင့်
ကိုယ့်အတွက် အရေးမပါတဲ့သူတွေရဲ့
အထင်အမြင်က
ကိုယ့်အတွက် အရေးမပါဘူး။
ဒါကတော့ ကျွန်တော်စဉ်းစားမိတဲ့
အတွေးလေးတစ်ခု။
လိုရင်လဲယူသုံးကြည့်။
မလိုရင်လဲ ကျော်သွားပေါ့။
လူတိုင်းအတွက် အသုံးတည့်ချင်မှ
တည့်မှာပေါ့။
Phyo Paing @ Derek