တစ်ရက်တစ်ရက်
ကိုယ့်ရဲ့ ၂၄ နာရီမှာ
အာရုံ၊ အင်နာဂျီ၊
အတွေး၊ အကြံ၊ အလုပ်
ဒီ “အ” ငါးလုံးကို
ဘယ်မှာစုစည်းရမလဲ
တော်တော် အရေးကြီးတယ်။
အရေးမပါတာကို အရာပေးရင်
အရေးမပါတဲ့သူ ဖြစ်လာမယ်။
အရေးပါတာကို အရာပေးမှ
အရေးပါအရာရောက်တဲ့သူဖြစ်လာမယ်။
ဒါကြောင့် အရေးမပါတာ
အရာမပေးမိဖို့လိုတယ်။
ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။
Phyo Paing @ Derek