Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ့်အပေါ်ရေရှည်ကောင်းတဲ့သူအတွက်ပေးတာထက် အများကြီးပိုရစေရမယ်။

ကိုယ့်အပေါ်ရေရှည်ကောင်းတဲ့သူအတွက်
ပေးတာထက် အများကြီးပိုရစေရမယ်။

ဘာလဲတော့မသိဘူး။
ငယ်ငယ်ကတည်းက
လူတွေနဲ့ပတ်သက်လာရင်
အစပိုင်းကောင်းတယ်။
အလယ်ပိုင်းဆိုးတယ်။
နောက်ပိုင်းမှာ တစ်သက်စာရင်းနှီးသူဖြစ်သွားကြတယ်။

လူအများစုက
ဒီ အလယ်ပိုင်းကို မခံနိုင်ဘူး။

သူငယ်ချင်းကောင်း၊
အလုပ်စီးပွါးပါတနာကောင်း၊
သမီးရည်းစားလင်မယား
ဒီရွေးချယ်မှုတိုင်းမှာ
ဒုတိယ အဆင့်ကို ဖြတ်သန်းတဲ့အခါမှာ
လူတွေရဲ့ တုန့်ပြန်မှုနဲ့
ကိုယ်နဲ့ ကိုက်မကိုက်ကြည့်ပြီး
ရေရှည် ဒီဆက်ဆံရေးကို
ရင်းနှီးမြုပ်နှံမှု လုပ်သင့်မလုပ်သင့်
စဉ်းစားကြည့်လို့ရတယ်။​

ဘဝမှာ လက်ကိုင်ထားတဲ့အယူအဆတစ်ခုရှိတယ်။
ကိုယ့်အပေါ် “ရေရှည်ကောင်းတဲ့သူ”
ပေးတာထက် အများကြီးပိုရစေရမယ်။

ကျွန်တော်တို့ကို သည်းခံသူတွေကို
တန်ဖိုးထားဖို့လိုတယ်။

Phyo Paing @ Derek

Share Your Idea!​