လူအများလုပ်နေပြီး
အလုပ်လဲဖြစ်၊ ငွေလဲဝင်၊
လူလဲ အထင်ကြီး
ကိုယ်မလုပ်ချင်ရင်
လုပ်စရာမလိုဘူး။
အလုပ်တစ်ခု လုပ်တဲ့အခါ
ကိုယ့်ကို ပျော်စေမလား၊
တော်စေမလား၊
စိတ်ကျေနပ်မှု ရစေမလား၊
ဒီနေ့သာမက လာမည့်အနာဂတ်အတွက်ပါ
အကျိုးရှိစေမလား၊
သမာအာဇီဝနဲ့ ညီလား၊
ကိုယ်နဲ့ကိုက်လား
ဒါတွေ အရင်စဥ်းစားကြည့်တယ်။
လူတိုင်း လုပ်နေတာ
လိုက်လုပ်စရာမလိုဘူး။
ကျန်းမာကြံ့ခိုင်ရေး၊ စီးပွားရေး၊
အသက်မွေးဝမ်းကြောင်း၊ အချစ်ရေး၊
အိမ်ထောင်ရေး၊ သားသမီးရေး၊
ငွေရေးကြေးရေး၊ ဘာသာရေး၊
တိုးတက်ရေး ကိုယ့်အထာ၊
ကိုယ့်အယူအဆနဲ့ ကိုယ်ပဲ။
Phyo Paing @ Derek