ဒီနေ့လိုခေတ်ကြီးမှာ
တချို့ အသက်မွေးဝမ်းကြောင်း
အလုပ်တွေလုပ်ဖို့
ဘွဲ့ရစရာမလိုတော့ဘူး။
ဆယ်တန်းအောင်စရာလဲမလိုဘူး။
Mastery, Marketing, Management
ဒီသုံးခုပဲလိုတယ်။
အတတ်ပညာတစ်ခုမှာ
တစ်ဖက်ကမ်းခတ်ကျွမ်းကျင်မယ်။
ဖောက်သည်ပြဿနာကို အကောင်းဆုံး
ဖြေရှင်းနိုင်မယ်။
နောက်မားကတ်တင်းပညာနားလည်၊
စီမံခန့်ခွဲမှုပညာ နားလည်မယ်ဆို
ဘဝကို သာသာယာယာဖြတ်သန်းလို့ရပြီ။
ကျောင်းတွေဆိုတာကလဲ
ပညာရေးကို ရောင်းစားတဲ့
ပညာရေးစီးပွါးရေးလုပ်ငန်းတွေပဲ။
အရင်ခေတ်ကလို ဆရာကပညာတတ်မို့
ပြောတာ နားထောင်ခေတ်ကုန်ပြီ။
ဆရာ့ထက် AI က ပိုသိတယ်ခေတ်
တဖြည်းဖြည်းနဲ့ ပိုရောက်လာတော့မယ်။
လူတွေ သတ်မှတ်ထားတဲ့ ဘောင်တွေက
နည်းပညာတိုးတက်မှုနဲ့အတူ
ရိုက်ချိုးခံနေရပြီ။
နှလုံးသွင်းရမှာ လူတိုင်းလုပ်နေတာကို
ကိုယ်လိုက်လုပ်စရာလိုချင်မှ လိုမှာ။
ကိုယ့်အသက်မွေးဝမ်းကြောင်းပညာအတွက်
ထောက်ခံစာမလိုတဲ့အထိ
ကျွမ်းကျင်နေဖို့လိုတယ်။
Phyo Paing @ Derek