ကိုယ့်အိုင်ဒီယာကို ရှင်းရှင်းလင်းလင်း
ဖော်ပြနိုင်ရေးက
မားကတ်တင်းအတွက်တင် မဟုတ်ပဲ
လုပ်ငန်းရှင်တိုင်းအတွက် အရေးကြီးတယ်။
စာနဲ့ ရေးရေး၊ စကားနဲ့ ပြောပြော
ကိုယ်ဆိုလိုချင်တာကို ကွက်ကွက်ကွင်းကွင်း
ရှင်းရှင်းလင်းလင်းသိဖို့ လိုတယ်။
ကျွန်တော့်မှာ အဲ့ပါရမီ မပါဘူး။
ပါရမီ မပါတဲ့ ဘယ်အရာမဆို
စိတ်ရှည်သည်းခံရင် သင်ယူလေ့လာပြီး
ပြုစု ပျိုးထောင်လို့ရတယ်လို့ ယုံကြည်တယ်။
နေ့တိုင်း ဟုတ်သည်ရှိ မဟုတ်သည်ရှိ
စာရေးနိုင်အောင်နဲ့
ရေးထားတာကို လူတွေဘယ်လို
တုန့်ပြန် feedback ပေးသလဲ လေ့လာဖို့
လူမှုကွန်ယက်ပေါ်နေ့တိုင်းတင်တယ်။
ကိုယ့်ရဲ့ စွမ်းဆောင်ရေကို တိုးတက်စေသလို
လူတွေရဲ့ စဥ်းစားပုံ၊ တုန့်ပြန်ပုံ၊
အပြုအမူ behavior တွေကိုလဲ
လေ့လာပြီး ဖြစ်သလို၊
ဘယ်စကားလုံးက တာပိုသွားတယ်၊
responsive ပိုဖြစ်တယ်၊
ဘယ်လို အကြောင်းအရာ topic ကို
လူတွေ ဘယ်လို တုန့်ပြန်လေ့ရှိတယ်အပြင်၊
ကိုယ့်ကို ဝေဖန်တဲ့အခါ
ဘယ်လို ပုံစံမျိုးဝေဖန်လေ့ရှိသလဲ၊
ဒီလို ဝေဖန်တဲ့အခါ ဘယ်လို
ဆွမ်းကြီးဝင်လောင်းကြသလဲ 😀
ဒါကို ဘယ်လို ဖြေရှင်းလို့ရသလဲ၊
ဒီလို ဖြေရှင်းတဲ့ နည်းလမ်းတွေကို
မားကတ်တင်း ဗျူဟာပိုင်းတွေမှာ
ဘယ်လို ပြန်သုံးမလဲ အပြင်၊
မားကတ်တင်းမှာ ပြန့်နှံမှုအားကောင်းတဲ့
philosophy အတွေးအခေါ်တစ်ခုကို
ဖန်တီးပြန့်နှံ့စေဖို့ နည်းလမ်းတွေရှာရတယ်။
မြန်မာလို ရေးတတ်ပြီး သေချာမပြောတတ်တဲ့အခါ
articulative ဖြစ်အောင် ပြန်ကြိုးစားရပြန်တယ်။
တချို့မြန်မာစကားကို ဌာန်ကရိုဏ်းကျ
ပြောတတ်တဲ့ သူတွေဆို အရမ်းသဘောကျတယ်။
ဆေးကျောင်းပထမ နှစ်တုန်းကဆို
သူငယ်ချင်း ထက်မင်းလွင်လို့၊ ညီညီထွေးတို့၊
ငြိမ်းချမ်းတို့ စင်ပေါ်မှာ မြန်မာလိုပြောတာကို
အရမ်းနားထောင်လို့ ကောင်းတာ။
ကိုယ့်မှာက အဲ့ ပါရမီ မပါပြန်ဘူး။
ဒီနေ့ အသံ မပီလဲ နေ့တိုင်း
စာသင်နေ၊ ဗီဒီယိုရိုက်၊ အသံသွင်းနေရင်တော့
စကားပြော ကောင်းလာမှာပဲဆိုပြီး
မိုက်မိုက်ကမ်းကမ်းနဲ့ နေ့တိုင်း
အသံသွင်းလိုက်တယ်။
အခုတော့ တော်တော်လေး articulative ဖြစ်လာပြီလို့
ယူဆတာပဲ။
ဒါကိုတော့ Youtube video နဲ့ တိုင်းတာတယ်။
Editing လုံးဝမလုပ်ထားတဲ့ video ကို
clickbait လူတွေ click နှိပ်ချင်တဲ့ title မဟုတ်ပဲ
ဘယ်လောက်ထိ ကြည့်တဲ့သူရှိသလဲနဲ့တိုင်းတာတယ်။
အရေးနဲ့ အပြောရှင်းဖို့က
နေ့စဥ် လေ့ကျင့်ယူလို့ရပါတယ်။
Phyo Paing @ Derek