ကိုယ့်ဦးနှောက်ထဲမှာ လူ ၂ ယောက် ရှိတယ်။
တစ်ယောက်က မြန်တယ်။ တစ်ယောက်က နှေးတယ်။
ပြဿနာက — မြန်တဲ့သူက အမြဲ အနိုင်ယူတယ်။
Daniel Kahneman။ Nobel ဆုရ စိတ်ပညာရှင်။
နှစ်ပေါင်း ၃၀ ကျော် သုတေသန လုပ်ပြီး တွေ့ခဲ့တာ —
လူတွေ ဆုံးဖြတ်ချက် ချတာ ကိုယ်ထင်သလောက် ယုတ္တိမကျဘူး။
System 1 — မြန်တယ်။ အလိုအလျောက် ဖြစ်တယ်။ ခံစားချက်နဲ့ သွားတယ်။
System 2 — နှေးတယ်။ အားစိုက်ရတယ်။ တွေးပြီးမှ ဖြေတယ်။
ကိုယ် ဆုံးဖြတ်ချက်တွေ ၉၀% က System 1 ကနေ လာတယ်။
တွေးပြီး ဆုံးဖြတ်တယ်လို့ ထင်တယ်။
တကယ်က ခံစားပြီး ဆုံးဖြတ်တာ။ ပြီးမှ အကြောင်းပြချက် ရှာတာ။
ဈေးဆိုင်မှာ ပစ္စည်းတစ်ခု ဝယ်တယ်။
“ကိုယ့်အတွက် လိုလို့” လို့ ပြောတယ်။
တကယ်က sale ဆိုတဲ့ စာလုံးနီကြီး မြင်လို့ ဝယ်တာ။ ဒါ System 1။
ဝန်ထမ်းတစ်ယောက်ကို interview လုပ်တယ်။
ပထမ ၃ စက္ကန့်မှာ ကြိုက်သွားတယ်။
ကျန်တဲ့ ၃၀ မိနစ် — ကြိုက်တာကို confirm လုပ်ဖို့ အကြောင်းပြချက် ရှာနေတာ။
ဒါလည်း System 1။
Kahneman က ဒါကို “What You See Is All There Is” လို့ ခေါ်တယ်။
ကိုယ် မြင်တာပဲ ရှိတယ်လို့ ထင်တာ။
မမြင်တာကို ရှာမကြည့်ဘူး။
ဒါကြောင့် ပထမ impression က အရမ်း အားကောင်းတာ။
ဒါကြောင့် ကြော်ငြာတွေ ခံစားချက်ကို ထိုးတာ။
ဒါကြောင့် manipulator တွေ System 1 ကို target လုပ်တာ။
နောက်ထပ် ပြဿနာတစ်ခု ရှိသေးတယ်။
Anchoring။
“ဒီပစ္စည်း ပုံမှန်ဈေး သိန်း ၅၀။ ဒီနေ့ သိန်း ၂၀ ပဲ” ပြောလိုက်ရင်
ကိုယ့်ဦးနှောက်က သိန်း ၅၀ ကို anchor လုပ်လိုက်တယ်။
သိန်း ၂၀ က ဈေးသက်သာတယ်လို့ ခံစားရတယ်။
ဒါပေမယ့် တကယ်တန်ဖိုးက သိန်း ၁၀ ဖြစ်နိုင်တယ်။
System 1 က anchor ကို ကိုင်ပြီး ဆုံးဖြတ်လိုက်တာ။
System 2 က ပျင်းလို့ စစ်မကြည့်ဘူး။
Loss Aversion — နောက်တစ်ခု။
သိန်း ၁၀ ရတာထက် သိန်း ၁၀ ဆုံးတာက ၂ ဆ ပိုနာတယ်။
ဒါကြောင့် လူတွေ ရှိတာကို ကိုင်ထားပြီး ပြောင်းလဲမှုကို ကြောက်တာ။
ဒါကြောင့် “ဒီ offer ဒီနေ့ပဲ” ဆိုတဲ့ ကြော်ငြာ အလုပ်ဖြစ်တာ။
ဆုံးရှုံးမှာ ကြောက်လို့ ဆုံးဖြတ်ချက် ချလိုက်တာ။
ဒါဆို ဘယ်လို ကာကွယ်မလဲ။
Kahneman ကိုယ်တိုင် ပြောတယ်။
“System 1 ကို ရပ်လို့ မရဘူး။ ဒါပေမယ့် System 2 ကို နိုးထလို့ ရတယ်”
ဆုံးဖြတ်ချက်တစ်ခု ချတော့မယ်ဆိုရင် ရပ်ပါ။
“ဒါ ကိုယ် တွေးပြီး ဆုံးဖြတ်တာလား — ခံစားပြီး ဆုံးဖြတ်တာလား” မေးပါ။
အဖြေ မရှင်းရင် — System 1 က ဦးဆောင်နေတာ။
ကိုယ့်ဦးနှောက်ကို သိတဲ့သူ ဆုံးဖြတ်ချက် မှားနည်းတယ်။
ကိုယ့်ဦးနှောက်ကို မသိတဲ့သူ — ခံစားချက်ရဲ့ ကျွန် ဖြစ်နေမယ်။
Phyo Paing @ Derek