Viber ဆိုတာ အစ္စရေးကထွင်
ဂျပန်ကဝယ်သွားတဲ့ ကုမ္ပဏီ။
Wix ဆိုလဲ အစ္စရေးက။
Siri (Apple) က အစ္စရေးကထွက်တာ။
Elementor လဲ အစ္စရေးက။
Shopify က Canada က။
နိုင်ငံတွေရဲ့ နည်းပညာကုမ္ပဏီ
ထွက်တဲ့ပုံစံက နိုင်ငံရဲ့အားသာချက်ပေါ်မူတည်တယ်။
အစ္စရေးတို့၊ Canada ဖက်က
လုပ်ငန်းအများစုက B2B ကို
စဉ်းစားကြတာများတယ်လို့ထင်တယ်။
ထိုင်ဝမ်ကျတော့ US နဲ့ relationship ပေါ်
အားသာချက်ယူပြီး
Global supply chain မှာ hi-tech ကိုသွားတယ်။
iPhone ထဲမှာပါတဲ့ chip က
Taiwan TSMC က ထွက်တယ်။
အရင် Dell က Asus တို့ကိုခိုင်းစားပြီး
Just-In-Time (JIT) နဲ့ ကြီးထွားခဲ့တယ်။
နောက်ပိုင်း ထိုင်ဝမ်တရုတ်တွေက
Asus တို့ Acer တို့နဲ့ foundries အသစ်တွေနဲ့
ထွက်လာတော့ ပျားတုတ်သွားတယ်။
HTC Mobile ဆိုလဲ Google ကိုရောင်းလိုက်တယ်။
Nokia ရဲ့ Device တွေကို Microsoft က ဝယ်တယ်။
Consumer market ပိုင်းမှာ US ပဲရှိရာက
တရုတ်ပြည်မက ဝင်ကစားတယ်။
2018 မှာ Alibaba က US ရဲ့
Moneygram ကို $1.2 Billion နဲ့
ဝယ်မယ်လုပ်တော့
ဒေါ်နယ်ထရန့်က ပယ်ချတယ်။
ByteDance က သူ့ရဲ့ Douyin ကို
International သွားဖို့ Musical. ly ကို
ဝယ်ခဲ့တယ်။
Consumer market မှာ အမေရိကန်
Social media giant တွေနဲ့ယှဉ်လာနိုင်တာ
Tik Tok တစ်ခုရှိတာပဲ။
1 Billion user base နဲ့
တရုတ်စျေးကွက်ကိုလဲ သိမ်းထားတယ်။
တရုတ်လို ရှုံးရင်လည်လှီးခံရတဲ့
ပြိုင်ဆိုင်မှုကြားမှာ ရှင်သန်လာနိုင်တာ
Tik Tok Founder Zhang Yiming ကလဲ
ခေသူတော့ မဟုတ်ဘူး။
Tik Tok ကို နောက်ကွယ်က funding
စလုပ်ခဲ့တာကတော့ အားလုံးသိထားတဲ့
SoftBank ပေါ့။
Alibaba မှာနဲ့ တခြား Uber တို့၊
Indonesia မှာ Tokopedia တို့လို
ကုမ္ပဏီကို fund လုပ်ထားတာ။
မဟာဗျူဟာ အရေးကြီးတယ်။
ကိုယ်ကစားနေတဲ့ ကစားပွဲအကြောင်း
သေချာသိဖို့လိုတယ်။
Phyo Paing @ Derek