Comfortable ဖြစ်လွန်းတာ
ဘဝအတွက် မကောင်းဘူး။
ဒါကြောင့် ကိုယ့်ကိုကိုယ် train လုပ်တဲ့အနေနဲ့
အမြဲ ကျင့်သားမရတဲ့အရာတွေကိုလုပ်တယ်။
စျေးဆစ်တာ၊ လူမုန်းခံနိုင်အောင်လေ့ကျင့်တာ၊
လူရှေ့စကားပြောတာ၊
၂၄ နာရီလောက် အစားမစားပဲနေတာ၊
မနက်စောစောကို ရေခဲရေနဲ့ချိုးတာ၊
ကိုယ်နဲ့မသိတဲ့သူတစ်ယောက်ကို
စကားစပြောမိတ်ဆက်တာ၊
နှစ်ပတ်လောက် ဖုန်းမသုံးပဲနေတာ၊
တရားစခန်းဝင်တာ
အစရှိတဲ့ ကိုယ့်နဲ့ အသားမကျတဲ့အရာတွေ
လုပ်ပြီးကိုယ့်ကိုကိုယ် train ပါ။
Voluntary discomfort ဖြစ်တဲ့အရာတွေနဲ့
ကိုယ့်ဘဝကို train ထားတဲ့အခါ
ကိုယ်နေထိုင်ခွင့်ရထားတဲ့ဘဝရဲ့
အလှတရားတွေကို တွေ့နိုင်သလို
ကျင်းထဲကြပ်ထဲ ရောက်လာတဲ့အခါ
စိတ်ဓာတ်ရေးရာအရ ပြင်ဆင်ပြီးဖြစ်တယ်။
Phyo Paing @ Derek