ကိုယ်က ကိုယ့်လုပ်ငန်းထက်
မကြီးသေးသမျှ လုပ်ငန်းထဲက
ထွက်ဖို့ မလွယ်ဘူး။
ကိုယ်က ကိုယ့်လုပ်ငန်းထက်ကြီးနေရင်
လုပ်ငန်းပြဿနာက ကိုယ့်အတွက်
အေးဆေး သေးသေးလေးဖြစ်သွားပြီ။
လကုန်လစာပေးဖို့ ကုန်ကျစရိတ်အတွက်
ပူပင်သောကဖြစ်နေတော့မှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ်က ကိုယ့်လုပ်ငန်းထက်
ကြီးနေဖို့လိုတယ်။
ကိုယ့်လုပ်ငန်းထက်ကြီးဖို့
ဘာလုပ်ရမလဲ?
၁။ အိမ်စာလုပ်ဖို့လိုတယ်။
လုပ်ငန်းတစ်ခုလည်ပတ်ဖို့
သိသင့်သိထက်တဲ့ အရာတွေ
မှန်သမျှ အကုန်လေ့လာဖို့လိုတယ်။
မားကတ်တင်း၊ အမှတ်တံဆိပ်တည်ဆောက်ခြင်း၊
အရောင်း၊ စီမံခန့်ခွဲမှု၊ စာရင်းအင်း။
၂။ ကိုယ့်လုပ်ငန်းနယ်ပယ်အကြောင်း
ထုံးလိုကြေ ရေလိုနောက်သိအောင်
လေ့လာထားဖို့လိုတယ်။
၃။ လူတွေကို ထိန်းတတ်ဖို့လိုတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay