လူရယ်လို့ဖြစ်လာရင် ပြဿနာကတော့ရှိနေဦးမှာပါ။
ကိုယ်က ဘယ်ပြဿနာကြုံချင်တာလဲပဲရွေးချယ်ရမယ်။
ဈေးသည်မှာလည်း ဈေးသည်ပြဿနာ၊ ကျောင်းဆရာမှာလည်း ကျောင်းဆရာပြဿနာ၊ ဆေးဆရာမှာလည်း ဆေးဆရာပြဿနာ၊ အရောင်းသမားမှာလည်း အရောင်းသမားပြဿနာ၊ သူဌေးမှာလည်း သူဌေးပြဿနာ။
မိသားစုမရှိတဲ့သူကလည်း မိသားစုမရှိလို့ အထီးကျန်တဲ့ ပြဿနာရှိသလို မိသားစုရှိတဲ့သူကလည်း မိသားစုရှိတဲ့အတွက် ပူပင်ရတဲ့ ပြဿနာရှိတယ်။
Phyo Paing @ Derek