Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။

ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။
Genius လား၊ အလုပ်ကြိုးစားတဲ့သူလား။
ရက်ရောတဲ့သူလား။

ကိုယ့်နဲ့ ဘယ်လောက်နေရင်တစ်ခါတွေ့မလဲ။
ဘယ်လိုဆက်သွယ်မလဲ။
မက်ဆေ့နဲ့လား၊ တစ်ပတ်သုံးရက်တွေ့မှာလား။

ဘယ်လောက်ထိ commit လုပ်စေချင်သလဲ။
Exclusivity လား၊ open relationship လား။
ဆွေးနွေးဖို့တွေလိုသလား။
ဒီခေတ် ဒီအခါက ပိုရှုပ်လာတယ်။

ငွေရေးကြေးရေးအနေနဲ့
ဘယ်လောက်ရှိထားဖို့လိုနိုင်မလဲ။
ချမ်းသာဖို့လိုမလား၊ ကိုယ့်ထက်
ဝင်ငွေပိုကောင်းရမလား၊
တကယ်ဆိုရင် အချစ်ပဲလိုတယ်ဆိုတဲ့
ဘယ်လိုအလုပ်လုပ်လုပ်လား။

ကလေးနဲ့ မိသားစုနဲ့နေတဲ့
ယောကျာ်းမျိုးကို ကြိုက်သလား။​

ဘုရားတရား ကိုင်းရှိုင်းဖို့လိုမလား။
Spiritual ပိုင်းတွေယုံကြည်သူမျိုးလိုသလား။

အိမ်ထောင်ကွဲဆိုရင် အဆင့်ပြေလား။
ကလေးတွေ ပါခဲ့မယ်ဆိုရင်ကော်အဆင်ပြေလား။

ကိုယ့်အနေနဲ့ ဒီယောကျာ်းအမျိုးသားရဲ့
အိမ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ
ကူညီပေးနိုင်မလား။
သူ့ plan ကိုလိုက်ပြီး
ပါဝင် ပြောင်းလဲပေးနိုင်သလား။

သူ့မိသားစုနဲ့ပတ်သက်လာရင်
ဘယ်အချက်တွေ ဘယ်လိုဖြစ်ဖို့လိုမလဲ။
ဥပမာ သူ့အမေနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ။
မာမီဘွင် ဖြစ်ရင် အိုကေလား။
တကယ်လို့ သူနဲ့ ကိုယ့်အမေနဲ့
အဆင်မပြေခဲ့ရင် လက်ခံနိုင်သလား။

ကိုယ့်ကို ဘယ်လိုဆွဲဆောင်စေချင်လဲ။
စျေးကြီးတဲ့လက်ဆောင်တွေပေးဖို့လိုမလား။
ဘယ်လိုနည်းနဲ့ ဆွဲဆောင်စေချင်လဲ။

Steve Harvey ရဲ့
Act like a lady
Think a man မှာ
အမျိုးသမီးတွေအတွက်
ရည်ရွယ်ပြီး ယောကျာ်းတွေအကြောင်း
ရေးထားတာ
ယောကျာ်းတွေကို ဘယ်လို ကိုင်တွယ်
ထိန်းကျောင်း train မလဲဆိုတဲ့အချက်တွေပါတယ်။

ဥပမာ ငါအချိန်မလေးစားတာ “သည်းမခံ” နိုင်ဘူး။
ဒီအစား standard တစ်ခု set လုပ်ချင်ရင်
ဒီနေ့ခေတ် လူတိုင်းက အလုပ်ရှုပ်များကြတယ်။
၇ နာရီမှာတွေ့ဖို့ ချိန်းပြီး
ကိုယ်က နောက်ကျမယ် မလာနိုင်ဘူးဆိုရင်
ဖုန်းခေါ်လေးတစ် call
မက်ဆေ့လေးတစ်စောင်ပို့ကြိုပို့လိုက်ရင်
အားလုံး အဆင်ပြေသွားမှာမဟုတ်လား။
ဒါကတော့ အနောက်တိုင်း ယဥ်ကျေးမှုနဲ့လဲဆိုင်တယ်။
ကျွန်တော်တို့ဆီမှာက boundaries စည်းဆိုတာ
သိပ် မထားတတ်ကြဘူး။
နောက်ပိုင်း လူတွေကတော့
နာကျင်တာတွေ မဖြစ်အောင် boundaries တွေ
ထားတတ်လာပြီ။

နောက်ပြီး ရည်းစားထားတာကလဲ
ဝန်ထမ်းခန့်သလိုပဲ ပထမဆုံးရက်ကိုးဆယ်မှာ
အမူအကျင့်တွေ ကိုယ်လိုချင်တာတွေကို
လေ့ကျင့်ပေးဖို့ပါ ပါတယ်။

သူ့အနေနဲ့ ပြဿနာတွေ ဘယ်လိုဖြေရှင်းလဲ။
ဖိအားနဲ့ကြုံရင် ဘယ်လိုရင်ဆိုင်လဲ။
သတင်းဆိုးတွေကြားရင် ဘယ်လိုတုန့်ပြန်လဲ။
သူ့အနေနဲ့ “No” လို့ငြင်းခံရတဲ့အခါ
ဘယ်လိုတုန့်ပြန်သလဲ။
အဲ့ဒါ ရက်ကိုးဆယ်မှာလေ့လာရမှာ။

နောက်ဖောက်ပြန်တယ်ဆိုတဲ့ကိစ္စ။
အမျိုးသားတွေ ဘာကြောင့်ဖောက်ပြန်ကြလဲဆိုတော့
သူ့အနေနဲ့ အဲ့အခြေအနေရှိလို့တဲ့။
အများစုက ဒီအယူအဆကို လက်မခံနိုင်ကြဘူး။​
ဘာကြောင့် အမျိုးသားတချို့ ဖောက်ပြန်ကြလဲဆို
သူတို့အနေနဲ့ အချစ်ကိုမြင်တဲ့အမြင်နဲ့
အမျိုးသမီးတွေအတွက် မြင်တဲ့အမြင်မတူကြလို့တဲ့။
အမျိုးသားတွေက အမျိုးသမီးတွေကို
မြင်တဲ့အခါ သူတို့မှာ ဘယ်လောက်ထိ
ဘဝခရီးကိုသွားမယ်ဆိုတဲ့ စဥ်းစားထားမှုတွေရှိတယ်။
ဒါကို Fish or Keeper ဆိုပြီးပြောသွားတယ်။

ဥပမာ ယောက်ျားတွေက standard တစ်ခုရှိတာကို
keep လုပ်ချင်ကြတယ်။
ဒီလိုဖြစ်ဖို့ လူတိုင်း access လုပ်လို့ရတဲ့
သူတွေအစား သူ့အတွက်သီးသန့်ဖြစ်တဲ့
exclusive ဖြစ်တဲ့ ခံစားချက်ရတာကို
ပို keep လုပ်ကြတယ်တဲ့။
စိတ်ဝင်စားဖို့ကောင်းတယ်။

အနောက်တိုင်းမှာတော့
relationship management ကို
အဲ့လိုလုပ်ကြတယ်။​

သူ့စာအုပ်ဖတ်ရင်း မှတ်စုထုတ်မလို့။
ဒါကတော့ အားတီ၊ အားမေတို့အတွက်။​

အားတီတွေကို ထိန်းကျောင်းရေးလုပ်ရမယ်။ LOL

Phyo Paing @ Derek

Share Your Idea!​