Work လို့ပြောလိုက်ရင် သာမာန်လူအများစုက
ပင်ပန်းမှု၊ ချုပ်နှောင်မှု၊ မွန်းကြပ်မှု၊
နွမ်းနယ်မှု၊ ပျော်ရွင်စရာမရှိတဲ့
မဖြစ်မနေ လုပ်ရတဲ့ အရာလို့မြင်တတ်ကြတယ်။
အလုပ်ဆိုတာ ရင်ခုန်စရာ၊
အိမ်မက်တွေ အကောင်အထည်ဖော်ရာ၊
အစွမ်းအစတွေ ထုတ်ဖော်ခွင့်ရတဲ့နေရာ၊
မွန်းကြပ်စုတ်ပျက်တဲ့ ပတ်ဝန်းကျင်ကြားက
လွတ်မြောက်ရာ နေရာ၊
ကိုယ့်ဘဝကို နောက်တစ်ဆင့်
တက်စေမည့် လှေကားထစ်
ဒီလိုမြင်မယ်ဆို အလုပ်လုပ်ရတာ
လတ်ဆတ်နေလိမ့်မယ်။
အလုပ်ကို ဘယ်လိုမြင်လဲ?
လူအများစု ဦနှောက်ဆေးခံထားရသလိုမြင်လား?
ရင်ခုန်လတ်ဆတ်မှုတွေနဲ့လား?
ကွန်ဖြူးရှပ်ကတော့ တစ်သက်လုံး
အလုပ်မလုပ်ချင်ရင်
ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်တဲ့။
ကိုယ်ဂုဏ်ယူတဲ့
ချစ်တဲ့ အလုပ်တွေကို
နေ့စဉ်
ပိုးစိုးပက်စက်လုပ်ပါ။
Phyo Paing @ Derek