လူတွေရဲ့စိတ်က
အမှိုက်တွေနဲ့ရှုပ်ပွနေတယ်။
မယုံရင် ခဏလောက်
ဒီအတိုင်းလေးထိုင်ပြီး
နှာသီးဖျားမျာ ဝင်လေထွက်လေမှတ်ကြည့်။
ပုံတွေ၊ အသံတွေ၊ အတွေးပေါင်းစုံ
ရောက်လာလိမ့်မယ်။
လူတွေက ကိုယ့်စိတ်ကို
ထိန်းချုပ်နိုင်တယ်လို့ထင်တာ။
အမှန်တော့ ဗုဒ္ဓအဆုံးအမအရ
စိတ်ကို စေတသိတ် ၅၂ ပါးက
အစဥ်ခြယ်လှယ်နေတယ်။
ကောင်းတဲ့စေတသိတ်တွေအပြင်
မကောင်းတဲ့ စေတသိတ်တွေပါပါတယ်။
သဒ်ဒါ၊ သတိ၊
အကောင်းမှုပြုလုပ်ရမှာရှက်ခြင်း ဟီရိ၊
သနားညာတာတဲ့ ကရုဏာ၊
သူတစ်ပါးဝမ်းသာမှုကို ဝမ်းမြောက်တဲ့ မုဒိတာ၊
အမှန်ကိုသိမြင်သောဉာဏ် ပညာကို ပွားများတာ
ကောင်းတဲ့စေတသိတ်တွေကိုပွားများတာပဲ။
လောဘ၊ ဒေါသ၊ မောဟ၊
မာန၊ မနာလိုခြင်းဖြစ်တဲ့ ဣဿာ၊
မှားယွင်းသောအယူ ဒိဋ္ဌိ၊
မကောင်းမှုပြုရန် မရှက်ခြင်း အဟိရိက
ဒါတွေကို ကိုယ်စိတ်နှုတ်ကနေလုပ်ပြီး
ပွားများနေခြင်းက
မကောင်းတဲ့စေတသိတ်တွေပွားနေတာပဲ။
လူမှုကွန်ယက် social media ဆိုတာ
အလိုမပြည့်ခြင်း၊ လောဘ၊
ဒေါသ၊ မောဟ ကို လောင်စာဆီသုံးတဲ့အခါ
ပိုမိုပေါက်ကွဲတယ်။
သံသရာခရီးသည်ဖြစ်တဲ့အတွက်
ဒီသံသရာခရီး ဒီဘဝနဲ့အဆုံးသတ်နိုင်ဖို့
နေ့စဥ်အမှိုက်ရှင်းဖို့လိုတယ်။
နောက်ပြီးနေ့စဥ်
သတိ၊ ပညာ၊ သဒ္ဒါပွားများနိုင်ဖို့လိုတယ်။
ကိုယ့်စိတ်ကိုယ်တောင် မပိုင်တာ၊
တခြားသူတွေကို အပြစ်ပြောနေတာလဲ
ထိရောက်မှု အများကြီးရှိချင်မှရှိမယ်။
ကိုယ်စိတ်ထဲ့က အမှိုက်တွေ
နေ့စဥ်ရှင်းနေဖို့လဲလိုတယ်။
ကိုယ့်ကိုကိုယ် သတိပေးရင်း
မှတ်စုထုတ်ဖြစ်တာလေး ပြန်မျှဝေဖြစ်တာ။
Phyo Paing @ Derek