Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်တိုင်က ဘူကောင်မဖြစ်စေနဲ့။
ဘူကောင်တွေကိုလဲရှောင်။

တစ်ခုသတိထားမိတာ
ကျွန်တော်တို့ဆီမှာ
လူတွေရဲ့စိတ်ကိုဆွပြီး
လွှမ်းမိုးမှုတည်ဆောက်တဲ့နည်းတွေ
သုံးတာများတယ်။

ဟဲ့နင်ဝလာတယ်နော်။
နင်မျက်နှာလဲမကောင်းဘူး
ဘာများဖြစ်သလဲ။
ပိန်သွားလိုက်တာ
ကျန်းမာရေးကောင်းရဲ့လား။
သူများတွေပြောနေကြတယ်နော်။
အခြေအနေကောင်းရဲ့လား။
မိသားစုအဆင်ပြေရဲ့လား။
သတင်းတွေကြားတယ်နော်။
စိတ်ညစ်နေမှာပေါ့။
သူများတွေကျော်တတ်ကုန်ပြီနော်။
ကိုယ်ကြိုးစားလို့အောင်မြင်သွားရင်
ကံကောင်းလိုက်တာနော်။
နောက်ကိုယ်မကြိုက်တဲ့စကားကို
ထပ်ခါထပ်ခါပြောပြီး
ကိုယ့်ကိုဒေါသထွက်အောင်လုပ်တာမျိုး။

ဒါက လွှမ်းမိုးမှုတည်ဆောက်တဲ့အခါမှာ
အဆင့်အနိမ့်ဆုံးအဆင့်
negging  လို့ခေါ်တယ်။
negative feedback
အနုတ်သဘောဆောင်တဲ့နည်းနဲ့
ကိုယ့်ကိုစိတ်မလှုံခြုံအောင်လုပ်ပြီး
ထိန်းချုပ်ဖို့ကြိုးစားတာ။

တချို့ကလဲ ဒါကို
အဆင့်နိမ်လွှမ်းမိုးမှုလုပ်နည်းလို့
သိချင်မှသိလိမ့်မယ်။
ဒါပေမယ့် ဒီနည်းနဲ့အလုပ်ဖြစ်တော့
ဒါကိုပဲ ဆက်တိုက်သုံးတတ်ကြတယ်။

နောက်တစ်နည်းက
ကိုယ်ကအလုပ်တစ်ခုလုပ်တော့မယ်။
ဒီအလုပ်လုပ်တဲ့အတွက်
တစ်ဖက်လူထက်ကျော်သွားမယ်။
ဒီလိုကျော်သွားမှာကြောက်တဲ့အခါမှာ
တဖက်လူလုပ်နေတဲ့အလုပ်ကို
ဂုဏ်မယူအောင်
ရှက်စရာကောင်းတဲ့ပုံဖြစ်အောင်လုပ်ကြတယ်။

အလုပ်ကြိုးစားမှာပေါ့။
သခင်အားရ ကျွန်ပါးဝလေ။
မျက်နှာကြီးပြပြီး ငွေမရှာချင်ပါဘူး။
မျောက်ပြဆန်တောင်းမလုပ်ချင်ဘူး။
ငါ့အလုပ်လေးနဲ့ကိုယ်အေးဆေးနေပါရစေ။
ဒီကောင်မ အရမ်းကိိုတက်ကြွနေတာ
ဘယ်အချိန်ပြုတ်ကျမလဲမသိဘူး။

ဒါမျိုးတွေ ကြားဖူးလိမ့်မယ်။

နှစ်ပေါင်းများစွာ ဘူတောထဲက
လူတောတိုးအောင်
လူတွေအကြောင်း
လူ့သဘောမနောတွေလေ့လာရင်း
သတိပြုမိလာတာတစ်ခုရှိတယ်။

လူတွေက အစွမ်းအစသေးသိမ်လေလေ
ကိုယ့်အိမ်ကိုအထပ်မြင့်အောင်တည်ဆောက်ဖို့ထက်
ဘေးနားက အိမ်တွေကိုဖြိုချချင်လေလေ။
ဒီစကားလဲခဏခဏ ကြားဖူးမှာပါ။

ဒါကြောင့် ဒီလို အောက်လုံးတွေသုံးပြီး
ကိုယ့်ကို ထိန်းချုပ်ချင်သူတွေကို
သတိပြုပါ အားတီ၊ အားမေတို့။
ကိုယ်တိုင်က ဘူကောင်မဖြစ်စေနဲ့။
ဘူကောင်တွေကိုလဲရှောင်။

Phyo Paing @ Derek

Share Your Idea!​