Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်တိုင်စီးပွားရေးလုပ်ရတဲ့ရည်ရွယ်ချက်

ကိုယ်တိုင်စီးပွားရေးလုပ်ရတဲ့ရည်ရွယ်ချက်က လွတ်လပ်ဖို့ပါ။ Freedom အတွက်ပါ။ ဒါကို ကိုယ်တိုင် business တစ်ခုစရင် ခေါင်းခြောက်တယ် မလုပ်ကြနဲ့ဆိုတာကို လက်မခံပါဘူး။ Tim Ferris ရဲ့ 4-Hour Work Week ထဲက DEAL Framework ဟာ လူငယ်တွေအတွက် အသုံးဝင်မယ်လို့ထင်ပါတယ်။

1. Definition – ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင် သို့ လွတ်လပ်မှုအတွက်လိုအပ်တဲ့ငွေ ပမာဏ ကိုရေးပါ။ Financially Free ဖြစ်ချင်တယ်ဆို လိုအပ်တဲ့ Amount ကိုရေးပြီး တစ်လ ဆုရမည့် ပမာဏနဲ့ နှစ်အရေအတွက်ကို ရေးပါ။

ဥပမာ သိန်း 1000။ ငါးနှစ် အတွင်းဆိုပါတော့။ တစ်နှစ် သိန်းနှစ်ရာစုရမယ်။ တစ်လ ဆယ့်ခြောက်သိန်း ခြောက်သောင်းလိုမယ်။ အသုံးစရိတ် ငါးသိန်းလေးသောင်းဆိုပါတော့။ တစ်လ 22 သိန်းရှာရမယ်။ ဒါကိုရှာဖို့ လိုအပ်တဲ့ Customer အရေအတွက်ကိုရေးချပါ။ Product or Solution ကိုစဉ်းစားပါ။

2. Elimination – မလိုအပ်တဲ့ အရေးမကြီးတာတွေကို ဖယ်ပါ။ 80/20 rule ကိုကျင့်သုံးပါ။ အရေးအကြီးဆုံးအရာကို အာရုံစိုက်ပါ။ Customer အားလုံးက ပေးတဲ့ အမြတ်ငွေမတူပါ။ ဒါကြောင့် အရေးအကြီးဆုံး အမြတ်ငွေအများရတဲ့ segment ကို အချိန်ပေးပါ။ Channel ရွေးချယ်တဲ့နေရာမှာလည်း သတင်းစာ၊ Facebook၊ FM ကြော်ငြာ၊ Billboard၊ Journal မှ lead generation လုပ်ပုံမတူပါ။ lead generation နည်းတာကို ROI တွက် မကိုက်ရင် (အချိန်ပေးရတာအပါအဝင်) ဖြုတ်ပါ။

3. Automation – လုပ်ငန်းဆောင်တာ အဆင့်တစ်ခုချင်းစီကို လက်လွဲလို့ရမည့်သူရှာပါ။ Workflow ကိုနည်းပညာသုံးပြီး လျော့ချလို့ရမရကြည့်ပါ။ လက်လွဲပါ။

4. Liberation – ဝန်ထမ်းတွေနဲ့ management နဲ့လည်ပတ်သွားချိန်မှာ ဘဝရဲ့အိပ်မက်တွေကို စိတ်ကြိုက်ထုစစ်ပါ။

(P.S Growing industry မှာတော့ liberation မလုပ်သင့်သေးဘဲ stable ဖြစ်အောင်စောင့်သင့်ပါတယ်။ )

Phyo Paing @ Derek

Share Your Idea!​