Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။

ကိုယ်တိုင်စီးပွားရေးလုပ်တဲ့အခါ
ဒီမေးခွန်းတွေနဲ့ အမှတ်ပြန်ပေးကြည့်။

၁။ စီးပွားရေးလည်ပတ်မှုပုံစံ သေချာသိပြီလား။
ဒါကို စာရွက်ပေါ်မှာချရေးတာကို
Business model generation လို့ခေါ်တယ်။

၂။ ကိုယ့်လုပ်ငန်းရဲ့ အမှတ်တံဆိပ်အတွက်
စီမံကိန်းရေးဆွဲပြီးပြီလား။
ဒါကို brand plan လို့ခေါ်တယ်။

၃။ ကိုယ့်လုပ်ငန်းဖောက်သည်အသစ်တွေ
ဘယ်လိုရှာမလဲ မားကတ်တင်းပလန်ဖန်တီးတတ်ပြီလား။
ဒါကို marketing plan လို့ခေါ်တယ်။

၄။ ကိုယ့်လုပ်ငန်းရဲ့စုံစမ်းမေးမြန်းမှုတွေကို
ဖြေဆိုပြီး ရောင်းဝယ်တတ်ပြီလား။
ဒါကို sales plan လို့ခေါ်တယ်။
ဒီလိုလုပ်ဖို့ လုပ်ဆောင်ရမည့်
အရာတွေ အများကြီးရှိတယ်။
FAQ လုပ်ပြီးပြီလား။
Sales script တွေရေးပြီးပြီလား။
Sales sequences တွေဖန်တီးပြီးပြီလား။

၅။ ကိုယ့်လုပ်ငန်းလည်ပတ်မှုအတွက်
လည်ငန်းစီးဆင်းမှု workflow တွေလိုတယ်။
ဒါတွေ စနစ်တကျသတ်မှတ်ရေးချပြီးပြီလား။

၆။ ကိုယ့်လုပ်ငန်းရဲ့ ဝန်ထမ်းရေးရာအတွက်
လူတော်တွေ၊ လူကောင်းတွေ
ကိုယ့်ဆီအလုပ်လာလုပ်ချင်အောင်
စီမံထားတဲ့ HR planning မှာ
recruitment strategy သေချာရှိပြီလား။
နောက် ရောက်လာရင်သင်ပေးမိတ်ဆက်ပေးဖို့
orientation and training လုပ်ပြီးပြီလား။
စွမ်းဆောင်ရည်ကိုတိုင်းတာဖို့
performance appraisal လုပ်ဖို့ သေချာရှိပြီလား။

၇။ ကိုယ့်လုပ်ငန်းရဲ့
အရှုံးအမြတ်၊ ဝင်ငွေထွက်ငွေ၊
လက်ကျန်စာရင်းရှင်းတမ်းအတွက်
အတိတ်နဲ့ အနာဂတ်အတွက်
plan တွေလုပ်ပြီးပြီလား။
လုပ်တတ်သလား။

လုပ်ငန်းရှင်တစ်ယောက်က
အိမ်စာလုပ်ဖို့လိုတယ်။
မဟုတ်ရင် ဥစ္စာစောင့်ပဲဖြစ်နေမှာ။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​