Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်နေချင်တဲ့ နေနေတဲ့ဘဝ

နေ့စဥ် နေထိုင်ချင်တဲ့ဘဝက
ပူပင်သောက ကင်းဝေးပြီး
ကိုယ်နေတဲ့နေရာက
ကိုယ့်ကို inspiration တစ်ခုပေးတဲ့နေရာ။

နေ့စဥ် လေ့လာချင်တာလေ့လာ၊
စမ်းသပ်ချင်တာ စမ်းသပ်၊
အတွေးလေးတွေ ရေးချ၊
ဘဝဖြတ်သန်းမှုကို မှတ်တမ်းတင်၊
အသစ်တစ်ခုခုလေ့လာ၊
ပြန်လည်မျှဝေပေး။

လေ့ကျင့်ခန်းလေးလုပ်၊
တစ်ခါတည်ဆောက် အမြဲငွေဝင်မည့်
ကုန်ပစ္စည်းတွေ ဖန်တီး၊
အင်တာနက်ကော်နက်ရှင်မြန်မြန်၊
စိတ်ဝင်စားတဲ့
နည်းပညာပစ္စည်းအသစ်တွေ သုံးကြည့်၊
ကိုယ့်ကိုယ်ကို ပိုနားလည်အောင်လေ့လာ၊
စိတ်ဝင်စားစရာကောင်းပြီး
အတွေးဥာဏ်နှိုးဆွေပေးစေတဲ့လူတွေနဲ့တွေ့။

အလုပ်မလုပ်ပဲ ဝင်တဲ့ငွေက
ကိုယ့်ရဲ့ တစ်လအသုံးငွေထက်
၅ ဆ အထက်ရှိအောင်လုပ်။
ငွေကိုငွေနဲ့ ပြန်ပွားနိုင်တဲ့ စနစ်တည်ဆောက်ထား။
ငွေကို လိုက်ရှာနေစရာမလိုတာမျိုးဖြစ်အောင်လုပ်။

ကိုယ်သွားချင်တဲ့နေရာကို
ချက်ချင်းသွားနိုင်တဲ့ ဘဝမျိုး။

အသက် ၃၀ လောက်ထိက
ရေရေလည်လည် သည်းခံခဲ့ပြီးပြီ။
အသက် ၃၀ ကျော်တဲ့နောက်မှာ
ဘဝကို ကိုယ်ဖြစ်ချင်သလိုပဲနေတော့တယ်။

ဘဝက တိုတိုလေး၊
မကျက်ချင်တဲ့စာတွေ ကျက်ခဲ့ပြီး
စာမေးပွဲကိုလဲ အကောင်းဆုံးဖြေခဲ့ပြီးပြီ။
လုပ်စရာရှိတာတွေလုပ်
ဘဝမှာ ပြဿနာတွေ ဖြေရှင်းခဲ့ပြီးပြီ။

Share Your Idea!​