ကိုယ်နဲ့ခင်နေတဲ့သူတွေ
ရုတ်တရက် စိမ်းသွားတာ ကြုံဖူးလား။
တခါတလေ ဘဝကအဲ့လိုပဲ။
ဘာနဲ့တူလဲဆို
ရထားတစ်စင်းတူတူသွားနေတာနဲ့တူတယ်။
တချို့က တခြားလမ်းတွေသွားဖို့ဆင်းသွားတယ်။
တချို့က တခြားခရီးဆက်တယ်။
ကိုယ်နဲ့ စိမ်းသွားတာ
ကိုယ့်ကို မခင်တော့လို့မဟုတ်ဘူး။
ကိုယ်က အသုံးမကျလို့မဟုတ်ဘူး။
ပေါင်းသင်းဆက်ဆံရေးမကောင်းလို့လဲမဟုတ်သလို
အထင်လွဲတာလဲ ဟုတ်ချင်မှဟုတ်မယ်။
လိုသုံးလုပ်သွားတာလဲ ဟုတ်ချင်မှဟုတ်မယ်။
လာရာတွေတူလဲ
လားရာမတူရင်
ရင်းနှီးမှု မတူကြတော့ဘူး။
Phyo Paing @ Derek