ကိုယ့်ဘဝမှာ ရှိထား၊
ရထား၊ ပိုင်ဆိုင်ထား၊
ဖြစ်နေတဲ့အရာတွေကြည့်လိုက်ရင်
ဒါတွေက ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေပဲ။
ကံ၊ ကံ၏အကျိုးယုံကြည်တဲ့
ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင်တော့
အတိတ်က ကုသိုလ်ကံ
အကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။
ဒီဘဝရဲ့ ကုသိုလ်ကံ
အကြောင်းတရားတွေကြောင့်ဖြစ်ရင်ဖြစ်မယ်။
သံသရာကို လက်ကျန်စာရင်းရှင်းတမ်း
Balanced Sheet တစ်ခုအနေနဲ့
အတွေးအခေါ်စမ်းသပ်မှုလေးလုပ်ကြည့်တယ်။
ကုသိုလ် Asset (ပိုင်ဆိုင်မှုစာရင်း) နဲ့
အကုသိုလ် Liabilities (အကြွေး)တွေကြားမှာ
သံသရာစက်ဝန်းကြားက
လောလောပြီးကနေရတဲ့ လောကသားဖြစ်တယ်။
ဒါကြောင့် သံသရာဝဋ်ဆင်းရဲထဲမှာ
အနှုတ်တွေပြတဲ့ အကုသိုလ်တွေကို
အသိ၊ သတိနဲ့ အတတ်နိုင်ဆုံးရှောင်တယ်။
သံသရာတစ်လျှောက်မှာ ပါရမီဖြည့်ဖို့
ကိုယ့်လို လောကသားတွေအတွက်
ကိုယ်တတ်နိုင်တဲ့ ပညာရေးနဲ့ နည်းပညာနဲ့
အကျိုးပြုရင်း ပါရမီဖြည့်သွားမယ်လို့တော့
အမြဲစိတ်ကူးခဲ့တာပဲ။
ကွေးသောလက်မဆန့်မီ၊
ဆန့်သောလက်မကွေးမီတော့
ကိုယ့်ရဲ့စွမ်းဆောင်ရည်ကို အမြင့်ဆုံးဖြစ်အောင်
စမ်းသပ်၊ လေ့လာ၊ မျှဝေပြီး
ကိုယ့်ရဲ့ အကောင်းဆုံးဗားရှင်းဖြစ်အောင်
လုပ်ဆောင်သွားဖို့တော့ ဆုံးဖြတ်ထားတယ်။
ကိုယ့်အတွက် အကျိုးမရှိ၊
သူတပါးအတွက်လဲ အကျိုးမရှိတဲ့
အတွေး၊ အကြံ၊ အလုပ်
မစဥ်းစားမိဖို့၊ မပွားများမိဖို့
သတိနဲ့ နေနိုင်အောင် အမြဲလေ့ကျင့်နေတာ
ကောင်းတဲ့အချက်လို့တော့ ထင်မိတယ်။
Phyo Paing @ Derek