မြင်ဖန်များတော့ ပုံမှန်ဖြစ်သွားတတ်တယ်။
ဒါကို normalize လို့ခေါ်တယ်။
သူများတွေ တန်းဆီနေတဲ့အချိန်
ကြားဖြတ်ဝင်တာကို တော်လိုက်တာလို့
ချီးကျူးတဲ့အခါ
လူမှုအဖွဲ့အစည်းတစ်ခုရဲ့
တန်ဖိုးထားမှုတွေဖြစ်သွားတတ်တယ်။
လူတွေ ဒုက္ခရောက်တဲ့အခါ
အမြတ်ဝင်ထုတ်တာကို
စီးပွားရေး အကွက်မြင်လိုက်တာဆိုတဲ့အခါ။
တခါတလေ ကိုယ့်ကမ္ဘာနဲ့ ကိုယ်၊
ကိုယ့်စံနှုန်းနဲ့ ကိုယ်၊
ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်
တစ်သီးတစ်သန့် တည်ထောင်နိုင်တဲ့
subculture တွေပေါ်လာတာ
ကောင်းတဲ့ အချက်ပဲ။
ဘာကြောင့်လဲဆိုတော့
တချို့လူတွေနဲ့ ကျွန်တော်တို့
အဆက်အစပ် မပြုချင်ကြဘူး။
associate မလုပ်ချင်ကြဘူး။
ဘာကြောင့်လဲဆိုတော့
သူတို့က ကိုယ့်ကို ကိုယ်စားမပြုလို့။
တူညီတဲ့ ဘာသာစကားပြောနေကောင်း
ပြောနေလိမ့်မယ်။
တူညီတဲ့ ရေမြေကလာရင်လာလိမ့်မယ်။
တူညီတဲ့ လူမျိုးဖြစ်ရင်ဖြစ်လိမ့်မယ်။
တူညီတဲ့ နိုင်ငံသားဖြစ်ရင်ဖြစ်လိမ့်မယ်။
ဒါပေမယ့် မတူညီတဲ့
စံနှုန်းတွေ၊ နေထိုင်မှုတွေနဲ့ နေလို့ရတယ်။
ကျောင်းတွေမှာ A ခန်း၊ B ခန်းခွဲသလိုပေါ့။
ဒီ subculture ကြီးက တဖြည်းဖြည်းကြီးလာလိမ့်မယ်။
အခုဆို ကျွန်တော်တို့ ငယ်ငယ်တုန်းကလို
အစိုးရကျောင်းပဲ တက်ကြတာမဟုတ်တော့ဘူး။
ငယ်ငယ်ကလို စိန်ရွှေရတနာ ဇယ််တောက်ကစားတဲ့
ကြော်ငြာ ထိုင်ကြည့်တဲ့ခေတ် မဟုတ်တော့ဘူး။
တချို့က Tik Tok, တချို့ Facebook,
တချို့က Snapchat, တချို့က Wechat
တချို့က Discord နဲ့
ပိုပြီး active ဖြစ်တဲ့ နေရာတွေ၊
ပါဝင်တဲ့ အဖွဲ့အစည်း community တွေမတူတော့ဘူး။
တက်တဲ့ကျောင်း၊ သင်ကြားတဲ့ သင်ကြားမှုစနစ်၊
စဥ်းစားတဲ့ ပုံစံတွေ မတူကြတော့ဘူး။
အနာဂတ်မှာ mass market
လူအများစုရှိတဲ့ စျေးကွက်ကြီးကိုသွားတဲ့ခေတ်
တဖြည်းဖြည်း ကုန်လာလိမ့်မယ်။
Category အသစ်တွေနဲ့
မမြင်ဘူး၊ မကြားဘူး၊
သာမာန်လူအုပ်ကြီး မသိတဲ့
mainstream media နားမလည်တဲ့
စျေးကွက်တွေ၊ လိုအပ်ချက်တွေ ပေါ်လာမယ်။
တူရာစုတဲ့ ခေတ်မှာ
ကိုယ်နဲ့ တူတဲ့ သူတွေ ဘယ်သူတွေလဲ
စဥ်းစားဖို့တော့ လိုတယ်။
Phyo Paing @ Derek