လူကို ဓာတ်တစ်ခုလိုမြင်တယ်။
မတူညီတဲ့ လူတွေနဲ့တွေ့ရင်
မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။
ဒါကို chemistry လို့ခေါ်တယ်။
မတူညီတဲ့ အိုင်ဒီယာတွေနဲ့ထိတွေ့ရင်
မတူညီတဲ့ ဓာတ်တွေဖြစ်တယ်။
“ငါ” ဆိုတဲ့ အရာက အမြဲပြောင်းနေတဲ့အရာ။
အချိန်ပေါ်မူတည်ပြီး ပြောင်းတယ်။
ပတ်ဝန်းကျင်ပေါ်မူတည်ပြီးပြောင်းတယ်။
ကိုယ်နဲ့တွေ့တဲ့လူတွေ အပေါ်မူတည်ပြီးပြောင်းတယ်။
ခေါင်းထဲထည့်တဲ့ အိုင်ဒီယာအပေါ်မူတည်ပြီးပြောင်းတယ်။
လူဆိုတာ ရေလိုပဲ
သံပုရာသီးနဲ့ သကြားပေါင်းရင် သံပုရာရည်ဖြစ်တယ်။
ကော်ဖီမုန့်၊ ရေနဲ့ အပူပေါင်းရင် ကော်ဖီဖြစ်တယ်။
ရေခွက်ထဲထည့်ထားရင် ရေခွက်ထဲကရေ
ရေကန်ထဲထည့်ထားရင် ရေကန်ထဲကရေ။
ကိုယ်နဲ့ ဓာတ်ပြုတဲ့အရာတွေကို
ဂရုစိုက်ဖို့လိုတယ်။
Phyo Paing @ Derek