Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှတိုးတက်လာရမယ်

ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းမတူဘူး။
ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ခြေရှိတယ်။
ဖြစ်နိုင်စွမ်းကတော့ ၅၀% ဖြစ်ချင်ဖြစ်မယ်။
၁၀% လဲ ဖြစ်ချင်ဖြစ်မယ်။
၀.၁% လဲ ဖြစ်ရင်ဖြစ်မယ်။

ကိုယ်ဖြစ်ချင်တာ ဖြစ်ဖို့
ဒီဖြစ်နိုင်စွမ်းက နေ့စဉ်နဲ့အမျှ
တိုးတက်လာရမယ်။

၁။ သတင်းအချက်အလက်
၂။ လူ၊ အဆက်အသွယ်
၃။ ကျွမ်းကျင်မှု
၄။ အခွင့်အလမ်း
၅။ အသိပညာ

ဒါတွေက ဖြစ်နိုင်စွမ်းကို တိုးတက်စေတယ်။

ဖြစ်နိုင်စွမ်းတိုးဖို့
စာအုပ်ကြီး ထိုင်ဖတ်လို့မရသလို
အင်တာနက်မှာပဲရှာလို့မရဘူး
လူတွေပဲ လိုက်တွေ့လို့လဲ မရဘူး။

ဒါတွေပေါင်းစပ်လုပ်နိုင်မှ
အခွင့်အလမ်းလာတဲ့အခါ
အနံ့ခံနိုင်စွမ်းရှိပြီး
လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အသိနဲ့
အချက်အဆက် ကွက်တိဖြစ်မှာ။

နေ့စဉ် ဖြစ်နိုင်စွမ်းကို
တိုးတက်အောင် လုပ်နေလား။
ဒီမေးခွန်းအရေးကြီးတယ်။

Phyo Paing @ Derek

Share Your Idea!​