လူတွေရဲ့ ပြဿနာကို ဖြေရှင်းပေးတဲ့အခါ
အကျိုးအမြတ်တစ်ခုပြန်ရတတ်ပါတယ်။
ကျေးဇူးတင်ပါတယ်ဆိုတဲ့ အသိမှတ်ပြုမှုတစ်ခုဖြစ်ရင်ဖြစ်မယ်၊
ဒါမှမဟုတ် ငွေကြေးအနေနဲ့ ဖြစ်ရင်ဖြစ်မယ်။
လူတိုင်းက ပြဿနာတွေ ဖြေရှင်းပေးရင်း
သမာအာဇီဝကျကျ ငွေရှာကြပါတယ်။
ရုံးဝန်ထမ်းတစ်ယောက်က အလုပ်ရှင်မပေးနိုင်တဲ့
အချိန်နဲ့ ကျွမ်းကျင်မှုကို ရောင်းချပြီး
လုပ်ခ လစာ အနေနဲ့ ငွေရှာပါတယ်။
စွန့်ဦးတီထွင်တစ်ယောက်ဟာ
ဖောက်သည်ရဲ့ ပြဿနာကို ဖြေရှင်းပေးရင်း ငွေရှာပါတယ်။
နိုင်ငံရေး အပြောင်းအလဲဖြစ်တိုင်း
ကိုယ်ဖြေရှင်းနေတဲ့ ပြဿနာတွေက
အပြောင်းအလဲ ဖြစ်သွားတတ်တယ်။
စီးပွားရေး အပြောင်းအလဲဖြစ်တဲ့
ငွေလဲလှယ်နှုန်း၊ အစိုးရချမှတ်ထားတဲ့ အတိုးနှုန်း၊
စီးပွားရေးမူဝါဒတွေ၊ ဥပဒေတွေ အပြောင်းအလဲဖြစ်တိုင်း
ကိုယ့်လုပ်ငန်းကပေးနေတဲ့ စျေးကွက်အဖြေတွေပြောင်းသွားတတ်တယ်။
လူတွေကြုံတွေ့နေရဲ့ ပြဿနာတွေပြောင်းသွားတိုင်း
လူတွေလိုချင်တာ၊ လိုအပ်တာပြောင်းသွားတယ်။
ဒီတော့ လုပ်ငန်းတွေရောင်းချနေတဲ့
ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေ ပုံစံပြန်ပြောင်းဖို့လာပြန်တယ်။
နည်းပညာအပြောင်းအလဲ ဖြစ်တိုင်း
လူတွေ၊ လုပ်ငန်းတွေရဲ့ နေထိုင် လုပ်ကိုင်မှုပုံစံပြောင်းသွားတယ်။
ဒီတော့ လူတွေ၊ လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့
ပြဿနာနဲ့ ဖြေရှင်းချက်ပုံစံတွေအပြောင်းအလဲဖြစ်သွားတယ်။
မြန်မာနိုင်ငံက နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲ
အရမ်းကြမ်းတဲ့ နိုင်ငံတစ်ခုဆို မမှားပါဘူး။
ဒါနဲ့ အတူ တစ်ကမ္ဘာလုံးရဲ့ နည်းပညာအပြောင်းအလဲတွေက
လူတွေရဲ့ နေထိုင်မှုပုံစံ၊ မီဒီယာအသုံးပြုမှုပုံစံကိုလဲ
အများကြီးလွမ်းမိုးမှုရှိနေတယ်။
ဒါကြောင့် ကိုယ့်အနေနဲ့ မနေ့က ဖြေရှင်းနေတဲ့ပြဿနာပုစ္ဆာက
ဒီနေ့မှာ အပြောင်းအလဲဖြစ်သွားတာဖြစ်နိုင်ပြီး၊
မနေ့တုန်းက အလုပ်ဖြစ်ခဲ့တဲ့ အဖြေက
ဒီနေ့မှာ သုံးမရတော့တာလဲ ဖြစ်နိုင်တယ်။
ရှင်ကျန်ပြီး ကြီးထွားနေဖို့
ကိုယ့်မဟာဗျူဟာက အရှင်ဖြစ်နေဖို့လိုတတ်တယ်။
သွားနေတဲ့ လမ်းကြောင်းကို ခဏအတွင်း
မြန်မြန်ပြောင်းလဲ နိုင်ဖို့လိုတတ်တယ်။
When solving people’s problems, one can often receive some form of benefit in return. It could be a gesture of gratitude, or even a monetary reward.
Everyone earns a living by solving problems in their own way. A freelancer, for instance, sells their expertise and skills when an employer cannot afford a full-time employee, thus earning their income through project-based work.
An entrepreneur makes money by resolving customer issues. Similarly, political and economic changes can turn the problems one is addressing into opportunities for change.
Economic fluctuations such as exchange rates, government-set interest rates, economic policies, and legal changes can shift the solutions businesses offer in the marketplace.
As people’s problems and needs evolve, so do their desires and necessities, prompting businesses to adapt their products and services accordingly.
With every technological advancement, the way people live and work changes, leading to different problems and solutions for individuals and businesses alike.
Myanmar is no stranger to intense political and economic changes, affecting the lifestyles and media consumption habits of its people significantly, just as global technological changes have.
Therefore, the problems and solutions we deal with today may evolve tomorrow, and what worked yesterday might not work today.
Survival and growth often require adapting quickly to these changing circumstances.
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#Akyanpay