ကိုယ်ဘယ်နေရာမှာ အသုံးဝင်သလဲ။
ဒါကတော့ ကျွန်တော်ကိုယ့်ကိုယ်ကို
အမြဲမေးဖြစ်တဲ့ မေးခွန်းပဲ။
လူ့အဖွဲ့အစည်းတစ်ခုမှာ ရှင်သန်တဲ့အခါ
ကိုယ်ဘယ်နေရာကနေ အသုံးဝင်လဲ
ပြန်စဥ်းစားဖို့လိုတယ်လို့ ထင်တယ်။
အသုံးဝင်မှုပေါ်မူတည်ပြီး
လူ့အဖွဲ့အစည်းက ပြန်လည်ဆုချတယ်။
ငွေကြေးနဲ့ဖြစ်ရင်ဖြစ်မယ်။
အသိအမှတ်ပြုမှုနဲ့ ဖြစ်ရင်ဖြစ်မယ်။
လူတွေရဲ့ အသုံးဝင်မှုကို
၁။ အစားထိုးရလွယ်မလွယ်
၂။ လုပ်တဲ့အလုပ်ထိရောက်မှုရှိမရှိ
၃။ တခြားသူတွေရဲ့ ဘဝနေထိုင်မှု
ဖြစ်သွားတဲ့အပြောင်းအလဲ
၄။ ကူညီပေးနိုင်ခဲ့တဲ့ လူဦးရေ
ဒီအချက်တွေနဲ့ တိုင်းတာလို့ရနိုင်တယ်။
Phyo Paing @ Derek