ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
Akyanpay 4A Framework
စီးပွါးရေးလုပ်တယ်ဆိုတာ စိတ်ဖိစီးမှုနဲ့ အမြဲလည်ပတ်နေစရာမလိုပါဘူး။ ကိုယ်ချစ်တဲ့စီးပွါးရေးကိုလုပ်ပြီး၊ ကိုယ်ကြိုက်တဲ့ဘဝနေထိုင်မှုပုံစံကိုတည်ဆောက်ဖို့ လုပ်ငန်းတွေစခဲ့ကြတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းအတွက်အလုပ်လုပ်နေရမည့်အစား၊ ကိုယ့်လုပ်ငန်းက ကိုယ့်အတွက် အလုပ်လုပ်နေဖို့လိုအပ်ပါတယ်။ ကိုယ်ချစ်တဲ့ စီးပွါးရေးလုပ်ငန်းတွေ တည်တံ့ဖို့ ကိုယ်ဝင်မပါနေမှရမယ်။ ကိုယ်မရှိပဲ သူရှင်သန်နေမှ သူ့ကိုတကယ်ချစ်ရာရောက်မှာပေါ့။
ဒီလို ကိုယ်ချစ်တဲ့ လုပ်ငန်းတွေတည်ဆောက်ပြီး ကိုယ့်အတွက်အလုပ်လုပ်နေဖို့ ကျွန်တော့်ရဲ့ Build The Business You Love – 4A Framework (Akyanpay Copyright) လေးတစ်ခုထုတ်ထားတယ်။
1. Activation (စတင်ခြင်း)
လုပ်ငန်းစတင်တဲ့ stage မှာ ဆင်ဖမ်းမယ်ကျားဖမ်းမယ်ဆိုပြီးစခဲ့ကြတယ်။ ရင်ခုန်မှုအပြည့်နဲ့ပေါ့။ အနာဂတ်ကိုပုံဖော် ရင်ခုန်တဲ့အချိန်။ Motivation အပြည့်နဲ့ပေါ့။
2. Actualization (နားလည်ခြင်း)
မှန်းချက်နဲ့ နှမ်းထွက်နဲ့ ကိုက်တဲ့အချိန်ရှိသလို၊ အလွဲကြီးလွဲတဲ့အခါတွေလဲရှိမယ်။ စျေးကွက်ကို အထင်ကြီးမိထားတာဖြစ်နိုင်သလို၊ ကိုယ်ထင်ထားသလိုမဟုတ်တာတွေဖြစ်နိုင်တယ်။ ကိုယ်ထင်ထားတာထက်ပိုကောင်းတာလဲဖြစ်နိုင်တယ်။ ကိုယ်စတင်ချိန်တုန်းကတော့ အကောင်း၊ လုပ်လိုက်မှ ထင်မှတ်မထားတဲ့အပြောင်းအလဲဖြစ်တာတွေကြုံရတာမျိုး။ မှန်းထားတဲ့ဖောက်သည်ကတစ်မျိုး၊ တကယ် service ပေးရတာကတစ်မျိုးကြုံတွေ့ရနိုင်တယ်။ လုပ်ငန်းအများစုက ဒီ stage မှာလက်လျော့သွားကြတယ်။
3. Allocation (နေရာချထားခြင်း)
ဒီ stage မှာ ကိုယ်ကလုပ်ငန်းအကြောင်းကောင်းကောင်းသိလာပြီ။ လုပ်ငန်းအတွက် ဘယ်လို Vision ချရမယ်၊ ဒီ Vision ရောက်ဖို့ လုပ်ငန်းအတွက် ဘယ်လို လုပ်ငန်းဆောင်တာတွေလုပ်ဖို့လိုအပ်တယ်ကိုသိလာပြီ။ ဒီပေါ်မူတည်ပြီး Organizational Structure ချတာတွေလုပ်ဖို့လိုလာပြီ။ လူတစ်ယောက်ချင်းစီအတွက် Position နဲ့ SOP တွေလိုလာပြီ။ ကိုယ့်လုပ်ငန်းကို product တစ်ခုလိုစဉ်းစားဖို့လိုလာပြီ။ Inventory control, Marketing, Finance, HR အစရှိတဲ့ လုပ်ငန်းစဉ်တွေအတွက် လူမှန်နေရာမှန်ချထားဖို့လိုပြီ။
4. Automation (ကိုယ်မပါပဲ လည်ပတ်တဲ့အဆင့်)
ဒီအဆင့်မှာ ကိုယ်က လုပ်ငန်းမှာထားရှိထားတဲ့ Vision ရောက်ဖို့ System နဲ့လူနေရာချတဲ့အရာတွေအဆင်ပြေမပြေကို Check ရုံပဲ။ ဒီနေရာမှာ ကိုယ့်လိုဦးဆောင်တဲ့သူတစ်ယောက်ရှိတယ်ဆို ကိုယ်ဖန်တီးထားတဲ့ Checklist နဲ့ စစ်ဆေးရုံပဲ။ နောက်ပိုင်းချဲ့မယ်၊ လုပ်ငန်းကိုရောင်းမယ်ဆိုလဲ ready ပဲ။ ဒါမှ မဟုတ် နောက်တစ်ခုထပ်စမှာလား ready ပဲ။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေတည်ဆောက်ပါ။
Akyanpay
#akyanpay