ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းဆိုတာ
၁။ ကိုယ့်အနေနဲ့ နေ့စဥ် လုပ်ငန်းလည်ပတ်မှုမှာ ပါဝင်စရာမလိုတော့တာ
၂။ လုပ်ငန်းကို တစ်ဆိုင်ပြီးတစ်ဆိုင် ချဲ့ထွင်လို့ရတာ
၃။ ပုံမှန်လည်ပတ်ပြီး ဝင်ငွေရနေတာ မျိုးကို ခေါ်တာဖြစ်ပါတယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့
၁။ လုပ်ငန်းဒီဇိုင်းလုပ်တဲ့ပုံစံ
၂။ လုပ်ငန်းလည်ပတ်မှုစနစ်
၃။ ဝန်ထမ်းကောင်းတွေကို ရှာဖွေ၊ ထိန်းသိမ်းမှုစနစ်
၄။ စျေးကွက်ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်ဖန်တီးမှုစနစ်များလိုအပ်ပါတယ်။
လုပ်ငန်းဒီဇိုင်းပုံစံ
လုပ်ငန်းဒီဇိုင်းပုံစံ စဥ်းစားတဲ့အခါ ကိုယ့်လုပ်ငန်းလည်ပတ်မည့် သဘောတရားကို စဥ်းစားကြည့်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အားသာချက်ပေါ်အခြေတည်တာမျိုးဖြစ်ရင်ပိုကောင်းပါတယ်။ လုပ်ငန်းကို ဒီဇိုင်းလုပ်တဲ့အခါ ၁။ လုပ်ငန်းအတွက် အတွေးအခေါ်၊ ၂။ စီးပွားရေးမော်ဒယ် Business Model နဲ့ ၃။ အိုင်ဒီယာကိုဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်မှု (idea validation) လိုပါတယ်။
၁။ လုပ်ငန်းအတွက် အတွေးအခေါ်
ကိုယ့်ရဲ့ business philosophy ကိုထည့်သွင်းပြီး လည်ပတ်လို့ရပါတယ်။ ဥပမာ ကျွန်တော့်အနေနဲ့ ဒီနေ့ထိ စီးပွားရေးလုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် 6 C ကိုထည့်သွင်းစဥ်းစားပါတယ်။
၁။ Create ကိုယ်တိုင်ဖန်တီးတဲ့ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို အဓိကရောင်းချချင်တယ်။
၂။ Control စျေးနှုန်းကို ကိုယ်တိုင် ထိန်းချုပ်နိုင်ရမယ်။ စျေးလျော့မှ ရောင်းရမည့် စျေးကွက်မှာ ပေါပေါများများရတဲ့ လုပ်ငန်းတွေနဲ့ မပြိုင်ချင်ဘူး။
၃။ Category သတ်မှတ်နယ်ပယ်မှာ ဦးဆောင်တဲ့သူဖြစ်ရမယ်။ အချိုရည်လို့ပြောလိုက်ရင် ကိုကာကိုလာကို ပြေးမြင်တယ်။ အားဖြည့်အချိုရည်ဆို ကျွဲရိုင်းကိုပြေးမြင်တယ်။ အဲ့လို မတူညီတဲ့ category တစ်ခုမှာ ထိပ်ဆုံးရောက်နိုင်ရမယ်။
၄။ Copies တစ်ခါဖန်တီးပြီးသွားရင် အတိုင်းအဆမရှိ ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ပြန်ပွားနိုင်ရမယ်။ ချဲ့ထွင်လို့လွယ်ရမယ်။ ဥပမာ စာအုပ်တွေကို အနှစ်ချုပ်တဲ့ app ဆိုပါတော့ တစ်ခါဖန်တီးပြီးတာနဲ့ တစ်ယောက်ချင်းစီကို ကုန်ကျစရိတ်အပိုမရှိပဲ အမြဲရောင်းချနေနိုင်တာမျိုး။
၅။ Content လူမှုကွန်ယက်တွေမှာ ဓာတ်ပုံတွေ၊ စာတွေ၊ ဗီဒီယိုတွေအသုံးပြုပြီး မားကတ်တင်းကုန်ကျစရိတ်အနည်းဆုံးနဲ့ လည်ပတ်လို့ရတဲ့ လုပ််ငန်းဖြစ်ရမယ်။
၆။ Continuation တစ်ခါရောင်းပြီး ရပ်သွားတာမျိုးမဖြစ်ချင်ဘူး။ ရေထမ်းသယ်တာမျိုးမလုပ်ချင်ဘူး။ ရေပိုက်သွယ်တာမျိုးပဲလုပ်ချင်တယ်။ ဒါကြောင့် နှစ်စဥ်ကြေး subscription model ကို အသုံးပြုတယ်။
ဒီနေ့လုပ်ဆောင်နေတဲ့ Zoom အသုံးပြုပြီး အကြံပေးတာ၊ Digital Products တွေဖြစ်တဲ့ Toe Tet, Dream Lab, Akyanpay, Mindmax, Sapwar, Nyan Htet, Thukha နဲ့ Digital Zay အကုန်လုံးက ဒီ အတွေးအခေါ်ပေါ်မူတည်ပြီး ဖန်တီးဖြစ်ခဲ့တာဖြစ်တယ်။
၂။ စီးပွားရေးမော်ဒယ် Business Model
Business Model ဆိုတာ အရှင်းဆုံးရှင်းပြရရင် အိမ်တစ်အိမ်ဆောက်ရင် ဘယ်နှစ်ထပ်၊ အခန်းဘယ်နှစ်ခန်း၊ ဘယ်သူတွေနေမယ်ဆိုတာ ပုံကြမ်းဆွဲသလိုပဲ။ လုပ်ငန်းတစ်ခုဆိုတာ အမြတ်ရဖို့ ဖောက်သည်ရဲ့ ပြဿနာကို ပိုက်ဆံယူပြီးဖြေရှင်းတာဖြစ်တဲ့အတွက် ဘယ်သူ့ကို ရောင်းမလဲ၊ ဘာရောင်းမလဲ၊ ဘာကြောင့် ဒီကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ဝယ်သင့်သလဲ၊ ဘယ်လိုရောင်းမလဲ၊ ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုအကြောင်းသိအောင် ဘယ်လိုလုပ်မလဲ၊ ဝယ်ပြီးသားသူတွေ ထပ်ဝယ်အောင်ဘယ်လိုလုပ်မလဲ၊ ဘယ်လောက်နဲ့ ရောင်းမလဲ၊ ကုန်ကျစရိတ်ဘယ်လောက်ရှိနိုင်လဲ၊ ဘယ်သူတွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်မှာလဲ၊ လုပ်ငန်းအတွက် အဓိကကျတဲ့ လုပ်ငန်းဆောင်တာတွေက ဘာဖြစ်မလဲ အစရှိတဲ့ အချက်တွေကို စဥ်းစားရပါတယ်။ ဒီအချက်လေးတွေသိဖို့အတွက်ဆိုရင် တစ်ကမ္ဘာလုံးအသုံးပြုနေတဲ့ လွယ်ကူရိုးရှင်းတဲ့ Business Model Canvas ဆိုတာရှိပါတယ်။ အကွက်ကိုးကွက်ပါတယ်။ ဒါဖြည့်လိုက်ရင် ကိုယ့်ရဲ့ Business Model ထွက်လာပါပြီ။
၃။ အိုင်ဒီယာကိုဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်မှု (idea validation)
စာရွက်ပေါ်ချရေးထားတဲ့ အိုင်ဒီယာက အိုင်ဒီယာပါပဲ။ အနိုင်အရှုံး အောင်မြင်မှုကို အကဲဖြတ်ပေးမည့် ဒိုင်သူကြီးကတော့ စျေးကွက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရောင်းချမည့် ဝန်ဆောင်မှု၊ ကုန်ပစ္စည်းကို စျေးကွက်ထဲမှာ ဖြစ်နိုင်မဖြစ်နိုင် စမ်းသပ်ဖို့လိုပါတယ်။ ကျွန်တော်အသုံးပြုဖြစ်တဲ့ စနစ်တစ်ဆိုရင် Minimal Viable Product (MVP) လို့ခေါ်တဲ့ ကနဦးရှေ့ပြေးနမူနာ ပုံစံလေးတည်ဆောက်တယ်။ ကြော်ငြာရေးပြီး စတင်ကြည့်တယ်။ စုံစမ်းမေးမြန်းမှု ဘယ်လောက်ရှိလဲ ကြည့်တယ်။ ကိုယ့်အမှတ်တံဆိပ်နဲ့ OEM ကုန်ပစ္စည်းတွေထုတ်တဲ့အခါ ထောင်ချီပြီးမမှာခင် ကနဦး အခု ၂၀ လောက်အရင်မှာလိုက်တယ်။ နောက် ကြော်ငြာတင်ကြည့်တယ်။ စျေးကွက်အခြေအနေကောင်းမှ အများကြီးထပ်မှာတယ်။ ဒီအချက်က နောက်ဆက်တွဲပြဿနာမဖြစ်အောင် အများကြီးကာကွယ်ပေးတယ်။
လုပ်ငန်းလည်ပတ်မှုစနစ်
လုပ်ငန်းတစ်ခုကို စနစ်တကျ လည်ပတ်ဖို့အတွက် ၁။ အမှတ်တံဆိပ်တည်ဆောက်ခြင်း (branding) ၂။ ဖောက်သည်တွေကိုနားလည်အောင်လုပ်ပြီး၊ လူတွေစိတ်ဝင်စားအောင်လုပ်ခြင်း (marketing) ၃။ ရောင်းချခြင်း (sales) ၄။ ဝန်ဆောင်မှုပေးခြင်း (service delivery) ၅။ ထောင့်စေ့အောင် စီမံခန့်ခွဲခြင်း (management) ၆။ ငွေကြေးစီမံခန့်ခွဲမှု (finance) ၇။ ဦးဆောင်မှု (leadership) ၈။ ကုန်ပစ္စည်းအသစ်ထုတ်လုပ်မှု (new product development) ဒီအချက်တွေလိုအပ်ပါတယ်။ HR တို့၊ Administration တို့ကို ချုံပြီး management လို့ပြောလိုက်တာပါ။ စီမံခန့်ခွဲမှုကို အရိုးရှင်းဆုံးပြောရရင် လူနဲ့စနစ်အသုံးပြုပြီး ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာဖြစ်ပါတယ်။
Brand တစ်ခုဖြစ်မဖြစ်ဆိုတာ ကိုယ့်လုပ်ငန်းဘာအတွက်ရပ်တည်လဲဆိုတာ သိမသိနဲ့ တိုင်းတာလို့ရတယ်။ လိုကို၊ အသုံးပြုတဲ့ typography တို့၊ ကာလာတွေထက်ပိုပါတယ်။ အမှတ်တံဆိပ်တစ်ခုဖြစ်ဖို့ အတွေးအခေါ်တစ်ခုရှိဖို့လိုတယ်။ ဒါကြောင့် A brand with an opinion လို့ခေါ်ပါတယ််။ အကြံပေးအနေနဲ့ Technology Product ဖြစ်တဲ့ www.akyanpay.com ကိုအသုံးပြုပြီး မဟာဗျူဟာချမှတ်ခြင်း၊ Branding, Marketing, Sales, Management, Strategic Planning နဲ့ Business Plan ချမှတ်လို့ရတဲ့ website ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ယုံကြည်ထားတာ လုပ်ငန်းရှင်တိုင်းသည် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်လို့ရတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီရပ်တည်ချက် အတွေးအခေါ်ပေါ်မူတည်ပြီး ကျွန်တော်တို့ page မှာတင်တဲ့ content တိုင်းသည် ဒီ message ကို စနစ်တကျ craft လုပ်လာတယ်။
တရုတ်တို့၊ စလုံးတို့၊ ထိုင်းတို့လို နီးနီးနားနားနေရာတွေသွားကြည့်ရင်တောင် လောပန်းတွေကိုယ်တိုင် ဆိုင်ထိုင်နေတာမဟုတ်ကြတော့တာတွေ့ရပါလိမ့်မယ်။
ကဲရေးနေရင်းနဲ့ လေယဥ်ဆင်းပြီဆိုတော့ ဒီမှာပဲ ခဏရပ်ထားလိုက်မယ် အားတီ၊ အားမေတို့ရေ။ တကယ်လို့ ဆက်တင်စေချင်ရင် more လို့ comment ရေးခဲ့နိုင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်။
Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay