Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ အရေးအကြီးဆုံး

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်း
တည်ဆောက်ဖို့ အရေးအကြီးဆုံး
စကားလုံးတစ်လုံးက “Productize” ပဲဖြစ်တယ်။

ကိုယ်က ရှမ်းခေါ်ကဆွဲပဲရောင်းရောင်း၊
အကင်ဆိုင်ပဲဖွင့်ဖွင့်၊
logo ဆွဲတာပဲလုပ်လုပ်
စနစ်ချမယ်ဆိုရင် ကိုယ့်လုပ်ငန်းကို
ကုန်ပစ္စည်းတစ်ခုလိုဖြစ်အောင်
“Productize” လုပ်ဖို့လိုတယ်။

ဒီိလို “Productize” လုပ်မှ
လုပ်ငန်းတစ်ခုကနေ တစ်ခု
Copy & Paste လုပ်ဖို့လွယ်သွားမယ်။
ချဲ့ရထွင်ရလွယ်သွားမယ်။
ကိုယ်မပါပဲ လည်ပတ်လို့ရသွားမယ်။

လုပ်ငန်းတစ်ခုကို “Productize” လုပ်ဖို့
ကိုယ့်ရဲ့ လုပ်ငန်းစဥ် “Process” တွေကို
ချရေးပြီး လွယ်ကူအောင်လုပ်ဖို့လိုတယ်။
ကိုယ်ရောင်းနေတဲ့ ကုန်ပစ္စည်း၊ စျေးနှုန်းတွေကို
လွန်ကူရိုးရှင်းအောင် “Plan” လုပ်ဖို့လိုတယ်။
အလွယ်ကူဆုံးနည်းလမ်းကတော့
ရောင်းတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို
ကန့်သတ်လိုက်တာဖြစ်တယ်။

KFC ဆိုရင် ရောင်းနေတဲ့အမည်များမယ်ထင်တတ်ကြတယ်။
တကယ်တမ်းအဓိက ရောင်းတာ ကြက်ကြော်။
ဒါကို item အများကြီးရတဲ့ပုံဖြစ်အောင်
ထမင်းနဲ့တွဲ၊ အာလူးကြော်နဲ့တွဲ၊
ကိုကာကိုလာနဲ့ ပေါင်းတယ်။
McDonald တို့လို Franchise တွေကလဲ
“Productize” လုပ်ထားတဲ့ ဥပမာတစ်ခုပဲ။
အဲ့လိုလုပ်တာ အောင်မြင်သွားရင်
ခလုပ်ဖွင့်ရုံနဲ့ ဆိုင်စဖွင့်လို့ရတဲ့
Turnkey Operation အောင်မြင်သွားပြီ။

Graphic Design လုပ်တဲ့ Agency ဆိုလဲ
အလားတူပဲ ပေးနေတဲ့ Offer
လုပ်ပေးတဲ့ service တွေ အများကြီးရှိမည့်အစား
Specialize လုပ်ရင် စနစ်ချပြီး
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့ပိုလွယ်တယ်။

စလုံး MRT နားက အမြန်ညပ်ဆံပင်ဆိုင်တွေကို
ကြည့်လို့ရတယ်။
နောက် Hai Dilao တို့လို ဆိုင်တွေ
သူတို့က လုပ်ငန်းကို Productize လုပ်ထားတော့
ကြိုက်သလို လိုသလို ချဲ့လို့ရလာတယ်။

ကိုယ့်လုပ်ငန်းကို “Productize” လုပ်ပြီး
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေလုပ်ချင်ရင်
၁။ Built To Sell
၂။ E-myth
၃။ The Digital Transformation Playbook
၄။ Clockwork အဲ့လို စာအုပ်တွေဖတ်ပြီး
တကယ်လုပ်ကြည့်ကြည့်။

Akyanpay
ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။
#akyanpay

Share Your Idea!​