Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်မပါပဲ “လည်ပတ်တဲ့” လုပ်ငန်း
လုပ်တဲ့အခါ

ကိုယ့်လုပ်ငန်းအတွက် စနစ်ချတဲ့အခါ
နည်းပညာလိုတယ်။
App တွေကို ရေးတဲ့သူတွေလိုက်ရှာ
လိုက်ရေးခိုင်းနေတာထက်စာရင်
low-code or no-code သုံးပြီး
လုပ်ငန်းအတွက် app တွေကို
ကိုယ်တိုင် ဖန်တီးလို့ရတယ်။

Zoho မှာဆို Zoho creator ဆိုတာရှိတယ်။
နောက် Google က ဝယ်ထားတဲ့
Appsheet ဆိုတာလဲရှိတယ်။

ကိုယ့်လုပ်ငန်းအတွက် CRM စနစ်တို့၊
ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတို့၊
Inventory စနစ်တို့အတွက်
အလွယ်တကူ လုပ်လို့ရတယ်။
နောက်ကွယ်က Data ကို Google Sheet တို့နဲ့
ချိပ်ပြီး မိနစ်၊ နာရီပိုင်းအတွင်း ဖန်တီးလို့ရတယ်။

ဥပမာ CRM စနစ်ဆိုပါတော့
လုပ်ငန်းရဲ့ သဘောတရားပေါ်မူတည်ပြီး
sales process တွေက တူမှာမဟုတ်ဘူး။
တချို့က ဖောက်သည်နဲ့သွားတွေ့
proposal တွေတင်ရသလို၊
တချို့ကျတော့လဲ ကိုယ့်ဆီလာမေး
ပြန်ဖြေရောင်းတဲ့ စနစ်တွေရှိတယ်။

ဒီ ကိုယ့်လုပ်ငန်းရဲ့ workflow ပေါ်မူတည်ပြီး
လုပ်ငန်းစဥ် process တွေကို
နည်းပညာသုံးပြီး streamline လုပ်သွားလို့ရတယ်။

ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းလုပ်ဖို့အတွက်
နည်းပညာလိုတယ်။
ဒီလိုနည်းပညာတွေနဲ့ လုပ်ငန်းကို
အပြောင်းအလဲလုပ်ယူတာကို
Digital Transformation လို့ခေါ်တယ်။

ဒီလိုလုပ်ဖို့ သုံးဆင့်လိုတယ်။
Digitization လို့ခေါ်တဲ့ စာရွက်ပေါ်က
သတင်းအချက်အလက်ကို နည်းပညာပေါ်တင်
ဒစ်ဂျစ်တယ်ပေါ်တင်တာ။
စာရွက်နဲ့ မှတ်ထားတဲ့စာရင်းစားအုပ်ကို
excel သို့၊ accounting software ပေါ်တင်တာ။

Digitalization အဆင့်က
ဒီသတင်းအချက်အလက်တွေကို
automate ဖြစ်အောင်လုပ်တာ။
ဥပမာ ဝယ်တဲ့ကုန်ပစ္စည်းတွေထည့်လိုက်တာနဲ့
ကုန်ကျစရိတ်တစ်ခါတည်းတွက်ပြီး
တစ်ရက်ဘယ်လောက်ရောင်းရတယ်၊
တစ်လဘယ်လောက်ရောင်းရတယ်ပြတာမျိုး။

ဒီအဆင့်တွေကို သေချာလုပ်နိုင်ပြီး
လုပ်ငန်းမြန်နှုန်းမြင့်နောက်တစ်ဆင့်သွားတာကိုတော့
Digital Transformation လို့ခေါ်တယ်။

Phyo Paing @ Derek

Share Your Idea!​