ဒီစကားက အမြဲကြားဖူးနေကျဖြစ်နိုင်ပါတယ်။
ကိုယ်မပါပဲ လည်ပတ်တဲ့ လုပ်ငန်းတည်ဆောင်တဲ့အခါ
မတူမှု လေးခုနဲ့ လုပ်ဆောင်လို့ရပါတယ်။
၁။ မတူညီတဲ့အလုပ်လုပ်တဲ့ ပုံစံ
ဒါကိုတော့ အလုပ်ခွင်ယဉ်ကျေးမှု Culture လို့ခေါ်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ခန့်ထားတဲ့ ဝန်ထမ်းတွေ၊ ကျွမ်းကျင်မှုတွေ၊တန်ဖိုးထားမှုတွေ၊ ယုံကြည်မှု၊ အလုပ်လုပ်ဆောင်မှုပုံစံတွေပါဝင်ပါတယ်။ ဒါကတော့ အရေးအကြီးဆုံးအချက်တစ်ချက်ပါ။
၂။ မတူညီတဲ့ခေါင်းဆောင်
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းဆိုတာ ပင်လယ်ထဲက လှေတစ်စီး ကမ်းခြေသွားနေသလိုပါပဲ။ ကိုယ်တိုင် operation ထဲပါဝင်ပြီး လှေကြီးလှော်နေလို့မရပါဘူး။ သွားရမည့်ပန်းတိုင်ကို ဝန်ထမ်းတွေကို ချပြဖို့လိုပါတယ်။ ဒါကို Vision လို့ခေါ်ပါတယ်။ သွားမည့်လမ်းကြောင်းကို ချပြဖို့လိုပါတယ်။ ဒါကို strategy လို့ခေါ်ပါတယ်။ လုပ်ငန်းရှင်အများစုဟာ ဒါကို ချပြဖို့ကြောက်တတ်ကြပါတယ်။ ဒါကြောင့် ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းအတွက် လုပ်ငန်းရှင်ကိုယ်တိုင် အရည်အချင်းရှိဖို့လိုပါတယ်။
၃။ မတူညီတဲ့ စီးပွါးရေးပုံစံ
ဒီနေ့ခေတ်က “me too” ပုံစံတူလုပ်ငန်းဆို အောင်မြင်ဖို့ ပိုကြိုးစားရတတ်ပါတယ်။ ဒါကြောင့် differentiate or die မတူညီကွဲပြားအောင်လုပ်မလား၊ သေဆုံးမလားလို့ ကျွန်တော်ကတော့ ပြောလေ့ရှိပါတယ်။ မတူညီတဲ့ business model နဲ့ တည်ဆောက်ဖို့လိုပါတယ်။ ဥပမာ Akyanpay Creator Studio ဆိုရင် subscription business model နဲ့သွားပါတယ်။ လုပ်ငန်းရှင်က မတူညီတဲ့ business model နဲ့သွားနိုင်ဖို့ business model canvas လောက်တော့ အနိမ့်ဆုံးအဆင့်သိဖို့လိုပါတယ်။ ဒါကြောင့် Akyanpay Creator Studio www.Akyanpay.com မှာ ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်ဖို့ လိုအပ်တဲ့ planning tools တွေ ထည့်ထားပေးပါတယ်။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတွေ တည်ဆောက်ဖို့ S ၃ လုံး business model video လေးကိုလဲ ဒီရက်ပိုင်းအတွင်းတင်ပေးနိုင်အောင် စီစဉ်ပေးနေပါတယ်။
၄။ မတူညီတဲ့ နည်းပညာ
နည်းပညာအရမ်းအရေးကြီးပါတယ်။ ဒီနည်းပညာက အောင်မြင်သူနဲ့ နောက်ကျန်ခဲ့သူကြားမှာ နည်းပညာကွာဟချက် အကြီးကြီးရှိပါတယ်။ ဒါကြောင့် ကိုယ်ပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ နည်းပညာစွမ်းအားကိုရယူပါ။ ကိုယ်က လမ်းလျှောက်သွာစတာနဲ့ စဘီးနဲ့သွားတာ တာသွားတာခြင်းမတူသလိုပဲ ကိုယ့်လုပ်ငန်းအသုံးပြုတဲ့ နည်းပညာပေါ်မူတည်ပြီး ကွာခြားသွားနိုင်ပါတယ်။
Akyanpay Creator Studio
ကိုယ်မပါပဲလည်ပတ်တဲ့လုပ်ငန်းတွေ
တည်ဆောက်ပါ။
#akyanpay