Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်မဖြစ်ချင်တဲ့ list

နာမကျန်းဖြစ်တဲ့အခါ
အရည်အချင်းမရှိတဲ့
ကျန်းမာရေး စောင့်ရှောက်မှုညံ့ဖျင်းတဲ့
နေရာမှာ ခံစားပြီး မသေချင်ဘူး။

အသက် ၇၀ လောက်မှာ
အိုနာပြီး နာတာရှည်ရောဂါမဖြစ်ချင်ဘူး။

အသက်ကြီးတဲ့အခါ တစ်ယောက်တည်း
အထီးမကျန်ချင်ဘူး။

အသက်ကြီးတဲ့အခါ လောကအတွက်
အသုံးမဝင်တဲ့သူ မဖြစ်ချင်ဘူး။

အသက်ကြီးမှ ငွေကြေးဒုက္ခရောက်နေတာ
မျိုးမဖြစ်ချင်ဘူး။

ဘဝကို ပိုက်ဆံအတွက် ရုန်းကန်နေရတာ
မဖြစ်ချင်ဘူး။

ကိုယ်မကြိုက်တဲ့အလုပ်ကို ပိုက်ဆံအတွက်
လုပ်နေရတာ မကြိုက်ဘူး။

လူအများသတ်မှတ်ထားတဲ့ အောင်မြင်မှု
ဆိုတာကို သက်သေပြဖို့
ကိုယ့်အချိန်တွေ ဖြုန်းပြီး အသက်မရှင်ချင်ဘူး။

တစ်နိုင်ငံထဲပေါ် မူတည်ပြီး
တိုင်ပတ်တဲ့အခါ ပြေးပေါက်မဲ့တဲ့
ဘဝ မဖြစ်ချင်ဘူး။

လူတွေရဲ့ အထင်အမြင်မှာ
အသက်မရှင်ချင်ဘူး။

ဘဝမှာ ဘာမလုပ်ရဘူး၊ ဘာပဲလုပ်ရမယ်ဆိုတဲ့
ကန့်သတ်ချက်တွေနဲ့ မနေချင်ဘူး။

ဒီ မဖြစ်ချင်တဲ့ အရာတွေကို ကာကွယ်ဖို့
၁။ အစားအသောက်
၂။ ကျန်းမာရေး
၃။ အချစ်ရေး
၄။ အပေါင်းအသင်း
၅။ အလုပ်အကိုင်
၆။ စီးပွားရေး
၇။ အနာဂတ် plan ကို သေချာ
သေချာ design လုပ်ဖို့လိုလာတယ်။

နေသလို ဖြစ်တဲ့ ဘဝမှာ
ဖြစ်သလို နေရင်
ဖြစ်သလို ဘဝထဲက ထွက်နိုင်မှာ
မဟုတ်ဘူး။

ဘဝကို default mode နဲ့
ဖြတ်သန်းတာ အန္တရာယ်ရှိတယ်။
သေချာ design လုပ်ရမယ်။

Phyo Paing @ Derek

Share Your Idea!​