လူတွေက ကိုယ်မှန်ကြောင်း
သက်သေပြချင်ကြတယ်။
အမှန်တကယ်
ဆွေးနွေးချင်ကြတာမဟုတ်ဘူး။
တချို့က အဲ့အဆင့်ထက်ကျော်သွားတယ်။
မှန်ကြောင်းသက်သေမပြချင်တော့ဘူး။
ကိုယ်လိုချင်တာတည်ဆောက်ဖို့
နားထောင်နိုင်စွမ်းရှိလာတယ်။
လီကွမ်းယူကို စလုံးမှာ
ကာစီနိုလုပ်ဖို့ အဆိုတင်သွင်းတော့
သူလုံးဝလက်မခံနိုင်ဘူး။
နောက်ပိုင်းမှာ အချက်အလက်နဲ့
သူ့နိုင်ငံသားတွေ
အဲ့မှာအချိန်ကုန်တာကို လျော့ချဖို့
နည်းလမ်းတွေစဥ်းစားပြီးမှ
ဖွင့်မယ်ဆိုပြီး
ဆုံးဖြတ်ချက်ချခဲ့ကြတယ်။
ကိုယ်မှန်ကြောင်း
သက်သေပြချင်တာကနေ
ကိုယ်လိုချင်တာဖန်တီးဖို့
နားထောင်တတ်တဲ့အကျင့်
တော်တော်ပြုစုပျိုးထောင်ရအုံးမယ်။
Phyo Paing @ Derek