Dr. Phyo Paing

Marketing Trainer and Consultant helping people and
businesses to increase productivity and profit.

Marketing Trainer and Consultant helping people and businesses to increase
productivity and profit.

ကိုယ်လိုချင်တာရတာထက်
ကိုယ်နဲ့ထိုက်တန်တာပဲရကြတယ်

လိုချင်တာရဖို့လူတွေကြိုးစားကြတယ်။
တချို့ကရတယ်။
တချို့က မရကြဘူး။

ဘာကြောင့်လဲ​အဖြေရှာရင်
လိုချင်တာရဖို့ ကိုယ်လိုချင်တဲ့အရာနဲ့
“ထိုက်တန်တဲ့သူ” ဖြစ်ဖို့လိုတယ်။​

တချို့ Law of attraction
ကိုယ်လိုချင်တာကို အာရုံပြု
ဘဝထဲကို တဖြည်းဖြည်းရောက်လာမယ်
ယုံကြည်ကြတယ်။
မှန်သင့်သလောက်မှန်တယ်။

တချို့က Law of action
လိုချင်တာရဖို့ ကြိုးစားအားထုတ်မှုလိုတယ်။
လိုချင်တာရဖို့ အလုပ်ကို
အပြင်းအထန်လုပ်တယ်။
ဒါကလဲ မှန်သင့်သလောက်မှန်တယ်။

ကမ္ဘာကျော်စာအုပ် ဖြစ်တဲ့
စာရေးဆရာ ဂျိမ်းကလိယာ James Clear ရဲ့
Atomic Habits စာအုပ်ထဲမှာ
လူတွေက ကိုယ်လိုချင်တာ (outcome) ရဖို့
အမြဲလုပ်ရတဲ့လုပ်ငန်းစဥ် (process) တွေရှိတယ်။
ဒီလုပ်ငန်းစဥ်တွေကို လုပ်ဖြစ်တာ၊
မလုပ်ဖြစ်တာက Identity လို့ခေါ်တဲ့
ကိုယ်ဘယ်သူလဲဆိုတဲ့ အမြင်နဲ့ဆိုင်သွားတယ်။

လိုချင်တာအာရုံပြုရုံနဲ့ရမယ်ဆိုရင်
ကမ္ဘာ့ဘောလုံးအသင်းတိုင်း
ကမ္ဘာ့ဖလားရနေမှာမဟုတ်လား။
Law of attraction ဆိုတာ
စိတ်ပညာအရ ကိုယ်ယုံကြည်တာကိုမြင်တဲ့
confirmation bias က လာတယ်လို့ဆိုတယ်။

ဒါကြောင့် ကိုယ်လိုချင်တာရဖို့
စိတ်ကူးပဲယဥ်နေလို့မရဘူး။
ကိုယ်လိုချင်တာရဖို့
လိုချင်တာနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်
ဒီဇိုင်းလုပ်ဖို့လိုတယ်။

ကိုယ်လိုချင်တဲ့ဘဝပုံစံနဲ့
ထိုက်တန်တဲ့သူဖြစ်ဖို့
၁။ နေ့စဥ် ဘာတွေလုပ်ရမလဲ။​
၂။ ဘာတွေ ခေါင်းထဲထည့်ရမလဲ။
၃။ ဘာတွေယုံကြည်ရမလဲ။
၄။ ဘာတွေကို ရှောင်ရှားရမလဲ။
၅။ ဘယ်သူတွေနဲ့ တွေ့ဆုံပေါင်းသင်းရမလဲ။

လူတွေက ကိုယ်လိုချင်တာကိုရတာထက်
ကိုယ်နဲ့ထိုက်တန်တာကိုပဲ ရကြတယ်တာ
သေချာကြည့်လေ မမှားလေဆိုတာ
တွေ့ရနိုင်တယ်။

Phyo Paing @ Derek

Share Your Idea!​